ကိုဗစ်ရောဂါ ကူးစက်မှုတွေ မြင့်မားနေချိန်မှာ ပြည်သူတွေအတွက် အလိုအပ်ဆုံးတွေကို အဓိကထား လှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/62/62f1383733bbbdc7d9350ad69c042ab21e9203da.jpeg
အနုပညာရှင်များ

 ၀၆-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.,,...

မြန်မာနိုင်ငံမှာဆိုရင် ပထမလှိုင်း အနေနဲ့ ကိုဗစ်တွေ စဖြစ်ကတည်းက ပြည်သူတွေက အခက်အခဲတွေ စီးပွားရေး ကြပ်တည်းမှုတွေကို ရင်ဆိုင်ရင်း အားတင်းခဲ့ကြရတာပါ ။ တစ်ဆက်တည်းမှာပဲ ရုတ်တရက်ပြောင်းလဲသွားတဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် ပြည်သူတွေခမျာ အဆင်မပြေမှုတွေကို အတော်လေး ရင်ဆိုင်နေကြရပါတယ် ။ လက်လုပ်လက်စား ပြည်သူတွေဆို အလုပ်တွေလည်း ရပ်နားထားကြရလို့ ပိုလို့တောင် ခက်ခဲနေကြတာပါ ။

Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 

​ဒါကြောင့်လည်း ပြည်သူမှာ ပြည်သူတွေပဲ ရှိလို့ စေတနာ အလှူရှင်တွေ ၊ အနုပညာရှင်တွေနဲ့ ပရဟိတ အသင်းတွေကပဲ စုပေါင်းပြီး တတ်နိုင်သလောက် လိုအပ်တဲ့ နေရာတွေကို ကူညီထောက်ပံ့ပေးနေကြတာပါ ။ ဒီလို အနုပညာရှင်တွေအထဲမှာ ပရဟိတ မင်းသမီးကြီး ခိုင်နှင်းဝေလည်း အပါအဝင်ပါပဲ ။ နေ့စဉ်တိုင်း ဆိုရလောက်အောင် နွမ်းပါးပြည်သူတွေအတွက် အလှူငွေ ၊ စားနပ်ရိက္ခာ များကို ပေးဝေလှူဒါန်းခဲ့ပါတယ် ။ 

Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 

အခုလည်း တတိယလှိုင်းအနေနဲ့ ကိုဗစ်ရောဂါတွေ ကူးစက်မှု မြင့်မားစွာ ပြန်လည်ဖြစ်ပေါ်နေတာကြောင့် လိုအပ်နေတဲ့ နေရာတွေထံမှာ အောက်ဆီဂျင် အိုးများကို ခိုင်နှင်းဝေက လှူဒါန်းပေးခဲ့ပါတယ် ။ ဒါ့အပြင် အရေးပေါ် ဆေးကုသဖို့ လိုအပ်နေတဲ့ လူနာရှင် ငါးဦးကိုလည်း တစ်ဦးလျှင် (၅၀၀၀၀) ကျပ်လှူဒါန်းပေးခဲ့ကြောင်းကို " အရှေ့ဒဂုံ ဘက်သို့ အောက်ဆီဂျင် အိုး(၃)အိုး  နှင့် ဒဂုံဆိပ်ကမ်းဘက်မှ အရေးပေါ် ဆေးဘိုးလိုအပ်နေသော သူ (၅)ဦးအား တစ်ဦးလျှင် (၅)သောင်းကျပ် တို့ကို လှူဒါန်းပေးခဲ့ပါတယ်...အလှုရှင်များ အားလုံးနှင့် တကွ ခုနှစ်ရက် သားသမီးများ အားလုံး သာဓုခေါ်ဆို ကုသိုလ်ပွားများ နိုင်ကြပါစေရှင်.." ဆိုပြီး ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည် ဖော်ပြပေးရင်း ဒီထက်မကလည်း လှူဒါန်းနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Source & Photo Credit : Khine Hnin Wai Facebook Page 
Source & Photo Credit : Khine Hnin Wai Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T