တစ်နိုင်ငံလုံးရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို သီချင်းရေးပြီး ခံစားချက်အပြည့်နဲ့သီဆိုနေတဲ့ ကချင်တိုင်းရင်းသူ တစ်ယောက်ရဲ့ ဗီဒီယို

//s9.kh1.co/d0/d04603b9a5a1d9f060e82522056f3e9fcede0b11.png
နေ့စဉ်သတင်းများ

 ၀၆-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

လတ်တလောကြုံတွေ့နေရတဲ့အခက်အခဲတွေဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စိတ်မချမ်းမြေ့နိုင်ခဲ့ပါဘူး။ လမ်းတွေပေါ်ကို အရင်လိုအေးအေးလူလူလျောက်သွားလို့မရသလို ကိုယ့်စီးပွားကိုယ်လဲ အေးအေးချမ်းချမ်းမရှာနိုင်တဲ့အခြေအနေတွေဖြစ်နေခဲ့ပါတယ်။ ကပ်ရောဂါကြီးဟာလည်း ပြည်သူတွေရဲ့အသက်ကို တစိမ့်စိမ့်ခြွေယူနေခဲ့ပြီး အားလုံးက အကျပ်အတည်းကာလကြီးထဲမှာ မလူးသာမလွန့်သာဖြစ်နေခဲ့ရတာပါ။ ဒီအခြေအနေတွေကို " စိတ်မညစ်နဲ့ အဆင်ပြေသွားမှာပါ " ဆိုတဲ့ သီချင်းတစ်ပုဒ်ကို ကချင်တိုင်းရင်းသူတစ်ယောက်က ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုခဲ့ပါတယ်။

Photo Credit - Gum San DU's FB Acc
Photo Credit - Gum San DU's FB Acc

ဒီနောက်မှာတော့ " The X Factor Myanmar " ရဲ့ Winner ဆုရှင်ဖြစ်တဲ့ ထွန်းနောင်ဆင့်က Music Produce နဲ့ Mixing ပိုင်းလုပ်ပြီး မွန်းမံပေးလိုက်တဲ့အချိန်မှာ သီချင်းရဲ့ရသက ပိုပြီးပေါ်လွင်သွားခဲ့ပါတယ်။ ပြုပြင်ထားတဲ့ဗီဒီယိုကို " ဒီနေ့မနက် newsfeed ကြည့်ရင်း အမှတ်မထင် ဒီအမရဲ့ Video လေးတွေ့သွား တော့ ကျွန်တော် ဘဝအမောတွေ ခဏပြေသွားပါ တယ် တစ်ချိန်ထဲမှာပဲ သူ့ရဲ့ သီချင်းရေးနိုင်စွမ်းနဲ့ သီဆိုနိုင်စွမ်းကို တော်တော်လေး ရင်ထဲမှာ လေးစားမိသွားတယ် စာသားတွေကလည်း ကျွန်တော်တို့ ပြောချင်နေတာနဲ့ တစ်ထပ်တည်းပဲ အဲ့တာနဲ့ ကျွန်တော်တစ်ခုခုတော့လုပ်ရမယ်ဆိုပြီး ဒီ Video လေး ဖန်တီးဖြစ်ပါတယ် Music Produce နဲ့ Mixing ကို ကျွန်တော်ကိုယ်တိုင်ပဲလုပ်တာပါ အဲ့မှာထူးခြားတာက သူသီချင်း ဆိုတာကို ကျွန်တော် Tuning မကိုင်ထားပါဘူး သူနဂိုကတည်း အဲ့Key ထဲမှာပဲဆိုနေတာပါ တကယ်ကို ပါရမီရှင်ပါပဲ ? ဒီvideo ထဲက အမကို တကယ်ချစ်ခင်လေးစားလို့ ဒီ Video လေးကို လုပ်တာပါ ကာယကံရှင်ကိုယ်တိုင်ကမနှစ်သက်ရင် လာရောက်ပြောနိုင်ပါတယ် ဖျက်ပေးပါမယ် ခွင့်ပြုချက်လည်း ဘယ်လိုတောင်းရမယ်မသိလို့ပါ အားလုံးပျော်ရွှင်ဖွယ်ရာနေ့လည်းကို ပိုင်ဆိုင်နိုင်ပါစေ?? " ဆိုပြီး ထွန်းနောင်ဆင့်က ပြန်လည်ဝေမျှပေးခဲ့ပါတယ်။

သီချင်းထဲမှာ ထည့်သွင်းရေးစပ်ထားတဲ့စာသားတွေဟာ ပြည်သူအားလုံးလိုချင်နေတဲ့ မျှော်လင့်ချက်တွေ ဖြစ်ပြီး သီဆိုသူဟာလည်း ခံစားချက်အပြည့်နဲ့သီဆိုနေတာမို့ လူမှုကွန်ရက်မှာ အရမ်းကိုပေါက်သွားခဲ့တာ ပါ။ တိုင်းရင်းသူတစ်ယောက်ရဲ့ ရိုးသားတဲ့ အမူအကျင့်နဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေကို သီချင်းစာသားထဲမှာ ချစ်ဖို့ကောင်းအောင်ရေးသား သီဆိုထားပြီး သူမရဲ့အသံနေအသံထားဟာလည်း တကယ့်အဆိုတော် တစ်ယောက်လိုကို ပိုင်ပိုင်နိုင်နိုင်သီဆိုနေခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဘဝအမောတွေ ခေတ္တပြေပျောက်စေနိုင်ဖို့ရည်ရွယ်ပြီး တင်ဆက်ပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Gum San DU's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T