တပ်စွဲထားတဲ့အရှေ့မှာ သံကုန်ဟစ်ပြီးဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ကြည့်မြင်တိုင်သားတွေရဲ့ လက်မတင်လေးကံကောင်းသွားတဲ့ ဗီဒီယို

//s9.kh1.co/64/64c5673094f8f2d43d7ccd6b5359549a7ce30f76.png
နေ့စဉ်သတင်းများ

 ၀၅-လိုင်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

..

ဘယ်တော့မှသွေးမအေးသွားမယ့်ပြည်သူလူထုကြီးကတော့ ခြောက်တိုင်းမကြောက် မြှောက်တိုင်းလည်း မမြောက်ဘူးဆိုတာ ကြည့်မြင်တိုင်သားတွေက ဒီနေ့မှာ သက်သေပြသွားခဲ့ပါပြီ။ စစ်ကောင်စီတပ်တွေ အခိုင်အမာတပ်စွဲထားတဲ့ စလင်းကွင်းကို မျက်နှာမူပြီး ဒီမိုကရေစီဟစ်ကြွေးသံတွေကို သံကုန်ဟစ်ခဲ့ကြတဲ့ ဗီဒီယိုဟာ ကြည့်မိသူတိုင်း သဘောကျလောက်စရာပါပဲ။ သပိတ်ကိုဖြိုခွင်းဖို့ စစ်ကားတွေရောက်လာတဲ့ အချိန်မှာပဲ အသီးသီးလူစုခွဲပြီးသားဖြစ်သွားခဲ့တာလည်း ညီညွတ်မှုနဲ့ ကြိုတင်စီမံနိုင်မှုတို့ကြောင့်ပါပဲ။ အထိအခိုက် အဖမ်းမဆီးမရှိဘဲ အောင်မြင်စွာဆန္ဒထုတ်ဖော်နိုင်ခဲ့တာလည်း ဂုဏ်ယူစရာပါ။

https://s9.kh1.co/__image/w=650,h=407,q=100/f0/f0930b266563731d164205713d795de72e0382af.png

ဖိနှိပ်မှုတွေပိုပြီးရှိလာတဲ့ကြားထဲက ဆန္ဒထုတ်ဖော်တဲ့သပိတ်တွေဟာလည်း မရပ်နားဘဲ ဆက်လက်ထွက်ပေါ်လာနေဆဲပါပဲ။ ပြည်သူတစ်ရပ်လုံးလိုချင်တဲ့ ဒီမိုကရေစီပန်းတိုင်ကို မရောက်မချင်း ဒီတိုက်ပွဲဟာ ရပ်တန့်သွားမှာမဟုတ်ပါဘူး။ အပြစ်မဲ့ပြည်သူတွေ ပေးဆပ်လိုက်ရတဲ့ အသက်တွေနဲ့ ဘဝတွေအတွက် ဒီမိုကရေစီစစ်စစ်ကို ပြန်ရနိုင်မှသာ အားလုံးကကျေနပ်ကြမှာပါ။ စစ်ဘေးနဲ့ ကပ်ရောဂါဘေးကို တပြိုင်တည်းခံစားနေရတဲ့ ပြည်သူတွေဟာ စိုးရိမ်ထိတ်လန့်မှုတွေကြားမှာ ကျီးလန့်စာစားဘဝနဲ့ အထိတ်ထိတ်အပြာပြာ ဖြစ်နေခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=378,q=100/a1/a1a0c8eb45c9e037760a93aa5682dd2f205462fb.png

ဖေဖော်ဝါရီ (၁) ရက်နေ့ကတည်းက စတင်ခဲ့တဲ့ လူထုတိုက်ပွဲဟာ ငါးလကျော်လာခဲ့ပြီဖြစ်ပြီး ယနေ့ထက်တိုင်မပြီးဆုံးနိုင်သေးပါဘူး။ ပြည်သူတွေလိုလားတောင့်တတဲ့ စစ်မှန်တဲ့ဒီမိုကရေစီဟာ ပြည်သူ့လက်ထဲရောက်မှသာ တိုးတက်အောင်မြင်တဲ့ တိုင်းပြည်အဖြစ် ပြည်သူတစ်ရပ်လုံးက ဖော်ဆောင်နိုင်မှာပါ။ အခုလိုမငြိမ်းချမ်းတဲ့အခြေအနေတွေမှာ အားလုံးဟာ အသိ သတိနဲ့ယှဉ်ပြီး နေထိုင်နေရပါတယ်။ ဒီနေ့မှာလည်း ကြည့်မြင်တိုင်ရဲ့ ညနေခင်းသပိတ်မှာ အားအင်အပြည့်နဲ့ ဟစ်ကြွေးနေကြတဲ့ ဆန္ဒပြပြည်သူတွေရဲ့ ဗီဒီယိုတစ်ခုကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက် ပါတယ်။

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T