အစ်ကိုဖြစ်သူ နောက်ဆုံးဝတ်ခဲ့တဲ့ ရွံ့တွေပေကျံနေသော အင်္ကျီလေးကို ဝမ်းနည်းနာကျင်စွာနဲ့ ပြသလာခဲ့တဲ့ ရေမွန်ရဲ့ညီမလေး

//s9.kh1.co/08/082e79ad9e425d951b9abf798081dbd92e82cd79.jpeg
အနုပညာရှင်များ

 ၀၅-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော် ရေမွန်ကွယ်လွန်တာ တစ်ပတ်ကျော်သွားခဲ့ပြီ ဖြစ်ပေမယ့်လည်း ပရိသတ်တွေအားလုံးက ယနေ့ထိတိုင်အောက်မေ့သတိရနေကြဆဲ ဖြစ်ပါတယ်။ သူ့အတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေကိုလည်း တတ်နိုင်သလောက် လုပ်ပေးကြတာလည်း ဖြစ်ပါတယ်။ မိသားစုဝင်သုံးဦးတည်းသာ ရှိတဲ့အတွက် အခုလို ရေမွန်ရုတ်တရတ်ခွဲခွာသွားတာကြောင့် ကျန်ရစ်ခဲ့တဲ့ မိခင်နဲ့ ညီမလေးမှာ ပြောမပြတတ်အောင် ယူကြုံးမရ ဝမ်းနည်းကြေကွဲခဲ့ကြရတာ ဖြစ်ပါတယ်။ 

Photo Crd-Raymond’s Facebook Account 
Photo Crd-Raymond’s Facebook Account 
Photo Crd-Raymond’s Facebook Account 
Photo Crd-Raymond’s Facebook Account 

ရေမွန်ရဲ့ ညီမလေး လပြည့်ကဗျာကလည်း အစ်ကိုနဲ့ပတ်သက်တဲ့ အမှတ်တရတွေကို သူမရဲ့ လူမှုကွန်ယက်တွင်ရေးသားလေ့ရှိပြီး အခုမှာတော့ သူမကွယ်လွန်ခင် နောက်ဆုံးဝတ်ဆင်ခဲ့တဲ့ အင်္ကျီလေးကို ဝမ်းနည်းစွာဖြင့် ပြသလာတာ ဖြစ်ပါတယ်။ ရေမွန်ဝတ်ဆင်ခဲ့တဲ့ အင်္ကျီလေးတွင် ရွံ့တွေပေကျံနေတာကို ကြည့်ခြင်းအားဖြင့် တောထဲမှာဘယ်လောက်တောင် ပင်ပန်းဆင်းရဲစွာ နေထိုင်ခဲ့ရသလဲဆိုတာ အားလုံးသိရှိကြမှာပါ။ လပြည့်ကဗျာကလည်း " သူနောက်ဆုံး ဝတ်ခဲ့တဲ့ အင်္ကျီလေး ဘယ်လောက်တောင် ပင်ပန်းခဲ့လိုက်မလဲ ရွှံ့တွေတောင် ပေလို့ တစ်သက်လုံးသိမ်းထားမယ် ❤️” ဆိုပြီး စာလေးရေးသားထားပါတယ်။

Photo Crd-Lapyae Kabyar’s Facebook Account 
Photo Crd-Lapyae Kabyar’s Facebook Account 
Photo Crd-Lapyae Kabyar’s Facebook Account 
Photo Crd-Lapyae Kabyar’s Facebook Account 

Idiots Band အဖွဲ့သားများကလည်း ရေမွန်မကွယ်လွန်ခင် သွင်းသွားခဲ့တဲ့ သီချင်းတွေအားလုံး အချောသတ်ပြီးတာနဲ့ တတိယအခွေ ထုတ်သွားဖို့ရှိတဲ့ အကြောင်း ပရိသတ်တွေကို သတင်းကောင်းပါးထားပါတယ်။ ရေမွန်သီဆိုတဲ့သီချင်းတိုင်းဟာ လူ့ဘဝမှာ ဖြစ်ပျက်နေတဲ့အရာတိုင်းကို ပေါ်လွင်စေပြီး စိတ်ဓာတ်ကျနေသူများ သူ့ရဲ့သီချင်းကိုနားထောင်လိုက်ပါက အားအင်သစ်တွေကို ပြန်လည်ရရှိစေတဲ့အထိ အဓိပ္ပာယ်ရှိလှပါတယ်။ ပရိသတ်တွေအပေါ်အမြဲတလေးတစားဆက်ဆံတတ်တဲ့ အဆိုတော် ရေမွန်တစ်ယောက် ကောင်းကင်ဘုံမှာ သူချစ်တဲ့ သီချင်းတွေနဲ့ငြိမ်းချမ်းစွာ နေထိုင်နိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Lapyae Kabyar’s and Raymond’s Facebook Account 

Photo Crd-Raymond’s Facebook Account 
Photo Crd-Raymond’s Facebook Account 
Photo Crd-Raymond’s Facebook Account 
Photo Crd-Raymond’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T