ဒုက္ခတွေများနေတဲ့ကြားက အကိုကြီးအဖရာပီသလွန်းတဲ့ စစ်ရှောင်စခန်းက ကလေးတစ်ယောက်ရဲ့ လေးစားစရာလုပ်ရပ်

//s9.kh1.co/38/3801750192ce3500e8e2885afadb681531c2f8b1.png
နေ့စဉ်သတင်းများ

 ၀၅-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

..

စစ်ဘေးရှောင်ရတဲ့အခြေအနေဟာ ထင်ထားတာထက်အများကြီးပိုပြီးခက်ခဲပင်ပန်းပါတယ်။ မလုံခြုံတဲ့နေရာမှာ ဘယ်အချိန်အသက်ဘေးကြုံမလဲဆိုတာကို စိုးတထိတ်ထိတ်နဲ့နေရတဲ့ ဘဝတွေပါ။ အတူတူပြေးရင်းလွှားရင်း မိသားစုတွေနဲ့လည်းဝေးကွာခဲ့ရတာတွေရှိခဲ့ပါတယ်။ ဒီလိုဒုက္ခတွေများတဲ့ စစ်ရှောင်စခန်းမှာနေနေရတဲ့ မောင်နှမနှစ်ယောက်ရဲ့ ကြည်နူးစရာ အပြုအမူလေးတစ်ခုကို အလှူသွားလုပ်ပေးတဲ့ ပရဟိတသမားတစ်ယောက်က ပြန်လည်ပြောပြလာခဲ့ပါတယ်။ အကိုအကြီးဖြစ်သူဟာ ဘာမုန့်လေးပဲရရ ညီမလေးကို အရင်ကျွေးပြီး ညီမလေးကလည်း အကိုကြီးခွံ့ကျွေးတာကိုပဲအမြဲစားသူပါ။ ညီမဖြစ်သူမစားတော့ဘူးဆိုမှ သူကစပြီး စားတတ်တယ်လို့ဆိုပါတယ်။

Photo Credit - Aung Khine Min's FB Acc
Photo Credit - Aung Khine Min's FB Acc

နောက်ထပ်ကလေးတစ်ယောက်ကလည်း ဘာကျွေးကျွေးအမြဲတမ်းဇလုံအကြီးတစ်လုံးနဲ့ အဝစားတတ်တဲ့အကြောင်းလည်းပြောပြခဲ့ပါသေးတယ်။ ကလေးတွေဆိုတာဖြူစင်ရိုးသားပြီး မကောင်းတဲ့စိတ်ဆိုတာ ထားရကောင်းမှန်းကိုမသိကြသေးပါဘူး။ ဒီလိုဖြူစင်တဲ့ကလေးတွေဟာ အရွယ်နဲ့မမျှတဲ့ဒုက္ခတွေခံစားနေရတာ စိတ်မကောင်းစရာပါ။ အလှူရှင်တွေရဲ့စေတနာတွေကြောင့်သာ စားရေးသောက်ရေး တဒင်္ဂအဆင်ပြေနိုင်ပေမယ့် ရေရှည်သာဒီလိုဆက်ဖြစ်နေမယ်ဆိုရင် စစ်ဘေးရှောင်ပြည်သူတွေအတွက် ပိုပြီးခက်ခဲတဲ့ အခြေအနေတွေဖြစ်လာမှာပါ။

Photo Credit - Aung Khine Min's FB Acc
Photo Credit - Aung Khine Min's FB Acc

ချစ်စရာကလေးလေးတွေရဲ့အပြုအမူအကြောင်းကို " ကျွန်တော်တို့အအေးတိုက်/မိုင်လိုတိုက်တိုင်း သတိထားမိတဲ့ကလေး (၃) ယောက်။ ပထမ (၂) ယောက်ကမောင်နှမတဲ့ အစ်ကိုဖြစ်သူက အမြဲတမ်း မုန့်လေးတွေကိုခွံ့ကျွေးတယ် ညီမဖြစ်သူကလည်းအစ်ကိုခွံ့ကျွေးတာပဲစားတယ်။ စိတ်ဝင်စားဖို့ကောင်း တာကအမြဲတမ်းညီမဖြစ်သူတော်ပြီဆိုမှအစ်ကိုကစပြီးစားတာပဲ။ ဒုတိယပုံက ကလေးမလေးကကျတော့ အမြဲတမ်းအဲ့ဇလုံကြီးနဲ့လာတာ။ ဘာတိုက်တိုက် အဲ့ဇလုံကြီးနဲ့ပဲအားရပါးရကစ်တာ သူ့ကိုသွားမေးတယ် ခွက်အသေးမရှိဘူးလားဆိုတော့ ရှိတယ်တဲ့ ဒါပေမဲ့အမြဲအဲ့ဇလုံကြီးပဲယူလာတယ် သူ့ကြည့်ရတာ ကိုယ်ပါအားဖြစ်တယ် အားနဲ့မာန်နဲ့သောက်တာ။ ကိုယ်စိတ်ဓာတ်ကျနေတာတောင်သူတို့လေးတွေကို ကြည့်ပြီး တကယ်ကိုပြန်အားတက်ရပါတယ် ။ " ဆိုပြီး ကိုယ်စားလှူပေးသူ ပရဟိတအကျိုးတော်ဆောင်က ချစ်စနိုးပြောပြလာခဲ့ပါတယ်။

Photo Credit - Aung Khine Min's FB Acc
Photo Credit - Aung Khine Min's FB Acc

သတင်း အရင်းအမြစ်Aung Khine Min's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T