ဖမ်းဆီးခံထားရစဉ် အသက်အန္တရာယ်ရှိသည်အထိ ကျန်းမာရေးထိခိုက်နေသော်လည်း ဆေးကုသခွင့်မရတဲ့ ဥပဒေကျောင်းသူ မသိမ့်စန္ဒီစိုး

//s9.kh1.co/c3/c3b3f6bf0e13bb7b397556d77e50e2ea6f445104.png
နေ့စဉ်သတင်းများ

 ၀၄-လိုင်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

..

နှစ်ပတ်ကျော်ကြာဖမ်းဆီးခံထားရတဲ့ တတိယနှစ်ဥပဒေအထူးပြုကျောင်းသူ မသိမ့်စန္ဒီစိုးဟာ လက်ရှိအချိန်မှာတော့ မိုးကုတ်ကအချုပ်ထဲမှာ ဖမ်းဆီးခံထားရဆဲဖြစ်ပြီး ကျန်းမာရေး အခြေအနေဟာ အသက်အန္တရာယ်ထိခိုက်သည်အထိဆိုးဝါးနေကြောင်း ဖခင်ဖြစ်သူက ဦးစိုးဌေးကလူမှုကွန်ရက်မှာ ပြောပြလာခဲ့ပါတယ်။ ဒီလိုဆိုးဝါးနေသော်လည်း ဖမ်းဆီးထားသူ တွေဟာ ဆေးကုသခွင့်မပေးသည့်အပြင် ဘယ်သူနဲ့မှတွေ့ဆုံခွင့်မပေးတာကြောင့် မသိမ့်စန္ဒီစိုးရဲ့လက်ရှိအခြေအနေဟာ စိုးရိမ်ဖွယ်ဖြစ်နေခဲ့ပါတယ်။ နိုင်ငံအတွက် အရေးပါလာမယ့် ဥပဒေကျောင်းသူတစ်ယောက် အကျိုးမဲ့အသက်ဆုံးရှုံးသွားရမယ့်အဖြစ်မျိုး အားလုံးကမဖြစ်စေချင်ကြပါဘူး။

Photo Credit - Soe Htay's FB Acc
Photo Credit - Soe Htay's FB Acc

မသိမ့်စန္ဒီစိုးဟာ အသက်အငယ်ဆုံးနိုင်ငံရေးအကျဉ်းသူလေးဖြစ်ခဲ့တဲ့ မစုထက်ဝိုင်းရဲ့ အမဖြစ်ပြီး ဖခင်ဖြစ်သူ ဦးစိုးဌေးရဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားမှုတွေကြောင့် စစ်ကောင်စီဖက်က လာရောက်ဖမ်းဆီး စဉ်မှာ ဖခင်ဖြစ်သူကိုမတွေ့ခဲ့သော်လည်း မိသားစုကို ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။ နှစ်ပတ်ကျော်ကြာချုပ်နှောင်မှုအပြီးမှာ အငယ်ဆုံးကလေး စုထက်ဝိုင်းကိုလွှတ်ပေးခဲ့ပြီး မသိမ့်စန္ဒီစိုးနဲ့ မိခင်ဖြစ်သူကိုတော့ ဆက်လက်ချုပ်နှောင်ထားဆဲပါပဲ။

Photo Credit - Soe Htay's FB Acc
Photo Credit - Soe Htay's FB Acc

သမီးကြီးဖြစ်သူအတွက် စိတ်ပူနေတဲ့ ဖခင်ဦးစိုးဌေးဟာ သူ့ရဲ့ခံစားချက်ကို " မစုထက်ဝိုင်း၏အမ တတိယနှစ်ဥပဒေအထူးပြုကျောင်းသူ မသိမ့်စန္ဒီစိုးသည် မိုးကုတ်အချုပ်ထဲ၌ ကျန်းမာရေးအခြေအနေ ဆိုးနေ (အသက်အန္တရယ်ရှိနိုင်ဟုကြားသိရ) တွေ့ခွင့် ပေးခွင့် မေးခွင့်မရသည့်အတွက် ကုသခွင့် ဆေးသောက်ခွင့်မဲ့နေ သမီးကြီးရေ အားတင်းထား " ဆိုပြီး ရင်ဖွင့်ပြောပြလာခဲ့ပါတယ်။ ဘေးကင်းပြီး အမြန်ဆုံးကျန်းမာပါစေလို့ ဆုတောင်းပေးပါတယ်။

Photo Credit - Soe Htay's FB Acc
Photo Credit - Soe Htay's FB Acc

သတင်း အရင်းအမြစ်Soe Htay's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T