အရုပ်လေးတွေကိုယ်စီပိုက်ရင်း ကြုံခဲ့ရတဲ့စိတ်ဒဏ်ရာတွေကို ပျော်ရွှင်မှုနဲ့တွန်းလှန်ခဲ့တဲ့ စစ်ဘေးရှောင်ကလေးငယ်တွေ

//s9.kh1.co/df/df764aa6a59bcc545903dcdd52c12acef1a6a0d3.png
နေ့စဉ်သတင်းများ

 ၀၄-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

..

စစ်ဘေးရှောင်ပြည်သူတွေရဲ့ဘဝဟာ အဖက်ဖက်ကနေ ကြောက်ရွံ့မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ အိုးအိမ်တွေကိုပစ်ပြီး မိသားစုလိုက်ဘေးလွတ်ရာကိုပြေးရာကနေ လမ်းမှာအကြောင်းမလှလို့ မိသားစုနဲ့ကွဲကွာသွားတဲ့အဖြစ်မျိုးတွေလည်း မနည်းတော့ပါဘူး။ စစ်ဘေးရှောင်စခန်းက ကလေးငယ်တွေဟာ အရွယ်နဲ့မလိုက်အောင် ကြောက်ရွံ့မှုတွေ စိတ်ဒဏ်ရာတွေအများကြီး ခံစားနေရသူလေးတွေမို့ အလှူရှင်တွေဟာ ကလေးတွေစိတ်ပျော်ရွှင်အောင် အရုပ်လေးတွေ လှူဒါန်းပေးခဲ့ကြပါတယ်။ အလှူရှင်တွေရဲ့ ချစ်စရာအရုပ်လေးတွေကိုပိုက်ပြီး ပျော်ရွှင်နေတဲ့ ကလေးတွေရဲ့ပုံရိပ်တွေဟာ အရမ်းကိုအပြစ်ကင်းစင်လွန်းပါတယ်။

Photo Credit - Aung Khine Min's FB Acc
Photo Credit - Aung Khine Min's FB Acc
Photo Credit - Aung Khine Min's FB Acc
Photo Credit - Aung Khine Min's FB Acc
Photo Credit - Aung Khine Min's FB Acc
Photo Credit - Aung Khine Min's FB Acc
Photo Credit - Aung Khine Min's FB Acc
Photo Credit - Aung Khine Min's FB Acc

လမ်းခရီးမှာ အစစ်အဆေးတွေများနေတဲ့ကြားထဲက စစ်ရှောင်စခန်းက ခက်ခဲနေတဲ့ ပြည်သူတွေဆီ အရောက်သွားပြီး လှူဒါန်းပေးတဲ့ ပရဟိတအကျိုးတော်ဆောင်တွေရဲ့ စေတနာနဲ့ ကြိုးစားမှုကိုတော့ အသိအမှတ်မပြုဘဲမနေနိုင်လောက်အောင်ပါပဲ။ မလုံခြုံတဲ့ပတ်ဝန်းကျင်မှာ ထိတ်လန့်မှုတွေနဲ့နေရတဲ့အပြင် အစားအသောက် အနေအထိုင်လည်းခက်ခဲမယ်ဆိုရင် စစ်ဘေးရှောင်ပြည်သူတွေအတွက် တော်တော်လေးကိုဒုက္ခများရမှာပါ။ ဒါကြောင့်လည်း အလှူရှင်တွေဟာ စစ်ရှောင်စခန်းကပြည်သူတွေ စားသောက်နေထိုင်ရေးအတွက် ဦးစားပေးပြီး လှူဒါန်းပေးခဲ့ကြပါတယ်။

Photo Credit - Aung Khine Min's FB Acc
Photo Credit - Aung Khine Min's FB Acc
Photo Credit - Aung Khine Min's FB Acc
Photo Credit - Aung Khine Min's FB Acc
Photo Credit - Aung Khine Min's FB Acc
Photo Credit - Aung Khine Min's FB Acc

ဒီနေ့မှာလည်း စစ်ရှောင်စခန်းက ကလေးငယ်တွေအတွက် ချစ်စရာအရုပ်လေးတွေလှူဒါန်းခဲ့တဲ့ ပုံရိပ်လေးတွေကို " လက်နက်ကြီးသံတွေကြောင့် Trauma ရနေတဲ့ကလေးတွေ မိဘမောင်နှမတွေနဲ့ ကွဲကွာနေလို့ Trauma ရနေတဲ့ကလေးတွေ သူတို့လေးတွေရဲ့ စိတ်ဒဏ်ရာတွေနည်းနည်းလေးဖြစ်ဖြစ် သက်သာစေနိုင်ဖို့ ❤️ " ဆိုပြီး ပရဟိတအကျိုးတော်ဆောင်တစ်ယောက်က ဝေမျှခဲ့ပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေအားလုံး အမြန်ဆုံးဘေးကင်းပြီး အေးချမ်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါစေ။

Photo Credit - Aung Khine Min's FB Acc
Photo Credit - Aung Khine Min's FB Acc
Photo Credit - Aung Khine Min's FB Acc
Photo Credit - Aung Khine Min's FB Acc
Photo Credit - Aung Khine Min's FB Acc
Photo Credit - Aung Khine Min's FB Acc

သတင်း အရင်းအမြစ်Aung Khine Min's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T