မင်္ဂလာနှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ပါရမီဖြည့်ဘက် ချစ်ဇနီး တောင်းဆိုထားတဲ့အရာတစ်ခုကို ဖြည့်ဆည်းပေးခဲ့တဲ့ ဘုန်းလျှံ

//s9.kh1.co/fb/fb4f7ac4b867ccfb3948c5336ed3ab900ff061ce.jpeg
အနုပညာရှင်များ

 ၀၃-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် ဘုန်းလျှံကတော့ သူချစ်ရတဲ့ ဇနီးဖြစ်သူနဲ့အတူ သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကိုဖန်တီးတည်ဆောက်ထားတာ ဖြစ်ပါတယ်။ ချစ်ဇနီးရဲ့တောင်းဆိုချက်တွေကို အမြဲဖြည့်ဆည်းပေးတတ်တဲ့ ဘုန်းလျှံကတော့ မကြာသေးခင် နာရီပိုင်းလောက်က သူ့ရဲ့ လူမှုကွန်ယက်တွင် ဓာတ်ပုံတစ်ချို့ကို ဝေမျှထားတာ ဖြစ်ပါတယ်။ ဒါကတော့ မင်္ဂလာနှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ပါရမီဖြည့်ဘက် ချစ်ဇနီး တောင်းဆိုထားတဲ့အရာတစ်ခုကို ဖြည့်ဆည်းပေးခဲ့တဲ့ အကြောင်းကို ပုံနှင့်တကွ ရေးသားဝေမျှထားတာ ဖြစ်ပါတယ်။

Photo Crd-Bhone Hlyan’s Facebook Account 

သူကတော့ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ရခိုင်ပြည်နယ်မှာရှိတဲ့ မြောက်ဦးမြို့တွင် သာသနာ့ဘောင်သို့ ခေတ္တဝင်ရောက်ကုသိုလ်ယူခဲ့တာ ဖြစ်ပါတယ်။  မြောက်ဦးဆရာတော်ဘုရားကြီးရဲ့ အရိပ်အောက်မှာ ခိုလှုံရင်း တရားတော်များနာကြားခွင့် ၊ သင်ယူလေ့လာကျင့်ကြံပွားများခွင့်များ ရရှိခဲ့တယ်လို့လည်း ရေးသားထားပါတယ်။ သံသရာလွတ်ကြောင်း တရားများကိုလည်း သူ့အတွက် အားဖြည့်ရင်းနဲ့ တရားစခန်းဝင်ဖို့ ချစ်ဇနီးရဲ့ တောင်းဆိုချက်ကိုဖြည့်ဆည်းပေးခဲ့တာ ဖြစ်ပါတယ်။

Photo Crd-Bhone Hlyan’s Facebook Account 
Photo Crd-Bhone Hlyan’s Facebook Account 
Photo Crd-Bhone Hlyan’s Facebook Account 
Photo Crd-Bhone Hlyan’s Facebook Account 
Photo Crd-Bhone Hlyan’s Facebook Account 
Photo Crd-Bhone Hlyan’s Facebook Account 
Photo Crd-Bhone Hlyan’s Facebook Account
Photo Crd-Bhone Hlyan’s Facebook Account

သူ့ရဲ့ ပဌာန်းဆက် ညီအစ်ကိုများနဲ့ ကုသိုလ်များ ထပ်မံဖြည့်ဆည်းခဲ့ပြီး ပြုလုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်များအားလုံးကို ၃၁ ဘုံသားများ ထပ်တူရကြပါစေလို့ ဆုတောင်းပေးထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဘုန်းလျှံပြုလုပ်ခဲ့တဲ့ ကုသိုလ်များအား ဝမ်းမြောက်ကြည်နူးစွာဖြင့် သာဓုခေါ်ဆိုနေကြတာကိုလည်း comment များတွင် မြင်တွေ့နေရပါတယ်။  သရုပ်ဆောင် ဘုန်းလျှံတစ်ယောက် ဒီ့ထက်ပိုပြီး ဘာသာ သာသနာအကျိုးပြုလုပ်ငန်းတွေဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Bhone Hlyan’s Facebook Account 

Photo Crd-Bhone Hlyan’s Facebook Account 
Photo Crd-Bhone Hlyan’s Facebook Account 
Photo Crd-Bhone Hlyan’s Facebook Account 
Photo Crd-Bhone Hlyan’s Facebook Account 
Photo Crd-Bhone Hlyan’s Facebook Account 
Photo Crd-Bhone Hlyan’s Facebook Account 
Photo Crd-Bhone Hlyan’s Facebook Account 
Photo Crd-Bhone Hlyan’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T