မျှော်လင့်တကြီးစောင့်မျှော်ခဲ့ပြီးမှ သားဖြစ်သူ မလွတ်မြောက်လာလို့ ဆေးကုသမှု ခံယူရတဲ့အထိ စိတ်ထိခိုက်သွားတဲ့ ပိုင်တံခွန်ရဲ့မိခင်

//s9.kh1.co/d4/d4b8e6f02092497dff7173ea82e7be87c0d7fc2a.jpeg
အနုပညာရှင်များ

 ၀၃-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ က နဲ့ ပြီးခဲ့တဲ့ ဧပြီလပိုင်းက မြောက်ဒဂုံနေအိမ်မှာ ဖမ်းဆီးခံလိုက်ရတဲ့ မော်ဒယ်လ်သရုပ်ဆောင် ပိုင်တံခွန်ဟာ ယခုဇူလိုင်လဆိုရင် အကျဉ်းချခံထားရတာ (၃)လ ဝန်းကျင်ရှိခဲ့ပါပြီ..။

ဇွန်လ(၃၀)ရက်နေ့က နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့တဲ့အချိန်မှာလည်း ပိုင်တံခွန်ရဲ့မိဘနဲ့ မိသားစုဝင်တွေဟာ အခြားလူတွေလို သူတို့ရဲ့သားလေး လွတ်မြောက်လာဖို့ကို ရင်ခုန်စွာနဲ့ မျှော်လင့်ခဲ့ကြပါတယ်..။

Photo Credit - Paing Takhon's Fb Acc
Photo Credit - Paing Takhon's Fb Acc
Photo Credit - Paing Takhon's Fb Acc
Photo Credit - Paing Takhon's Fb Acc

ဒါမယ့် မျှော်လင့်တကြီး စောင့်မျှော်နေခဲ့တဲ့ သားဖြစ်သူပိုင်တံခွန် လွတ်မြောက်လာခြင်းမရှိတဲ့အတွက် မျှော်လင့်ချက်တွေ ရိုက်ချိုးခံရသလိုဖြစ်သွားခဲ့ပြီး မိသားစုဝင်တွေ စိတ်ထိခိုက်ခံစားသွားခဲ့ရပါတယ်..။

စိုးရိမ်ပူပင်မှုတွေနဲ့ သောကပင်လယ်ဝေနေတဲ့ ပိုင်တံခွန်ရဲ့မိခင်ဖြစ်သူဟာ သားလေးရဲ့စိတ်ကြောင့် ဆေးကုသမှုခံယူနေရတဲ့အထိ စိတ်ထိခိုက်သွားခဲ့ရတယ်လို့ သိရပါတယ်..။

Photo Credit - May Chit Thway's Fb Acc
Photo Credit - May Chit Thway's Fb Acc
Photo Credit - May Chit Thway's Fb Acc
Photo Credit - May Chit Thway's Fb Acc

​ကျန်းမာရေးမကောင်းတဲ့ကြားက သားဖြစ်သူအတွက် နေ့စဉ်မပြတ်ကောင်းမှုကုသိုလ်တွေ လုပ်ပေးနေတဲ့ မိခင်ဖြစ်သူအကြောင်းကို ပိုင်တံခွန်ရဲ့ အစ်မက သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ စိတ်မကောင်းစွာ ပြောပြထားတာ ဖြစ်ပါတယ်..။

လူကြီးမိဘတွေအပေါ် သိတတ်ရိုသေတဲ့ သားလိမ္မာလေးဖြစ်သလို တိရိစ္ဆာန်လေးတွေအပေါ်မှာလည်း ချစ်ခင်ကြင်နာတတ်တဲ့ ပိုင်တံခွန်တစ်ယောက် အမြန်ဆုံးပြန်လည်လွတ်မြောက်လာစေဖို့ ပရိသတ်တွေနဲ့အတူ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ပါတယ်နော်..။

Photo Credit - Paing Takhon's Fb Acc
Photo Credit - Paing Takhon's Fb Acc
Photo Credit - Love's Shot Photography
Photo Credit - Love's Shot Photography

သတင်း အရင်းအမြစ်May Chit Thway's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T