ဒီနေ့မှာ ပြုလုပ်တဲ့ မုန့်ဟင်းခါးသပိတ်ကို ပြည်သူတစ်ဦးအနေနဲ့ ပူးပေါင်းပါဝင်ဆင်နွှဲခဲ့တဲ့ နေခြည်ရွှန်းလက်

//s9.kh1.co/58/587ee5fedf308b7b56088bd696000657f7995937.jpeg
အနုပညာရှင်များ

 ၀၃-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီနေ့မနက်ပိုင်းတွင်  မုန့်ဟင်းခါးသပိတ်ကို တစ်နိုင်ငံလုံးက ပြည်သူတွေ ပါဝင်ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။ ပြည်သူတွေအားလုံးက မုန့်ဟင်းခါးဝယ်စားရင်း ဓာတ်ပုံရိုက်၊ မျက်နှာကိုဝါးပြီး သူတို့ရဲ့ လူမှုကွန်ယက်မှာ အသီးသီးတင်ထားကြတာကိုလည်း မြင်တွေ့ရပါတယ်။ ဒီသပိတ်ကိုတော့ ပြည်သူတွေနဲ့အတူ အနုပညာရှင်တစ်ချို့ကလည်းပါဝင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Nay Chi Shoon Lak’s IG Account 
Photo Crd-Nay Chi Shoon Lak’s IG Account 

မကြာသေးခင် နာရီပိုင်းလောက်ကလည်း သရုပ်ဆောင် နေခြည်ရွှန်းလက်ရဲ့ လူမှုကွန်ယက်တွင် ဓာတ်ပုံလေးတွေတင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ဒီနေ့မှာ ပြုလုပ်တဲ့ မုန့်ဟင်းခါးသပိတ်ကို ပြည်သူတစ်ဦးအနေနဲ့ ပူးပေါင်းပါဝင်အားဖြည့်ခဲ့တာ ဖြစ်ပါတယ်။ သူမကလည်း " ၃ ရက် ဇူလိုင် " ဆိုပြီး ရေးသားထားတာလည်း ဖြစ်ပါတယ်။ နေခြည်ရွှန်းလက်ကတော့ လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ ဓမ္မဘက်ကနေရပ်တည်ခဲ့သူ အနုပညာရှင်တစ်ဦးပါ။

Photo Crd-Nay Chi Shoon Lak’s IG Account 
Photo Crd-Nay Chi Shoon Lak’s IG Account 
Photo Crd-Nay Chi Shoon Lak’s IG Account 
Photo Crd-Nay Chi Shoon Lak’s IG Account 

အခြေအနေအရ တိမ်းရှောင်နေရပေမယ့်လည်း လူမှုကွန်ယက်တွင် ပြုလုပ်ဆောင်ရွက်ရတဲ့ သပိတ်မှန်သမျှမှာ ပါဝင်နေသူတစ်ဦး ဖြစ်ပါတယ်။ ဒီနေ့ည(၈) နာရီတွင်လည်း မကောင်းဆိုးဝါးများနှိမ်နင်းတဲ့အနေနဲ့ (၁၅) မိနစ် သံဗုံးတီးကြမယ့် champagne တစ်ခုလည်း ရှိနေပါတယ်။ သံဗုံးတီးနေတဲ့ ဓာတ်ပုံ၊ဗီဒီယိုများကိုလည်း Facebook တွင်သာမက Twitter များမှာပါ တင်ပေးကြဖို့ကိုလည်း Generation Z လူငယ်များမှ တိုက်တွန်းထားတာ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပူးပေါင်းပါဝင်ပေးကြဖို့ ပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Nay Chi Shoon Lak’s IG Account 

Photo Crd-Nay Chi Shoon Lak’s IG Account 
Photo Crd-Nay Chi Shoon Lak’s IG Account 
Photo Crd-Nay Chi Shoon Lak’s IG Account 
Photo Crd-Nay Chi Shoon Lak’s IG Account 
Photo Crd-Nay Chi Shoon Lak’s IG Account 
Photo Crd-Nay Chi Shoon Lak’s IG Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T