မိခင်ကြီးနေမကောင်းဖြစ်နေတဲ့ သတင်းကြားတာနဲ့ အပြေးအလွှားပြန်သွားပြီး ကိုယ်ဖိရင်ဖိ ပြုစုပေးနေရှာတဲ့ သားလိမ္မာလေးကျော်ကျော်နန္ဒ

//s9.kh1.co/7a/7a113e4e3c01adc0a56d0cc25c62d4184b5b1cfc.jpg
အနုပညာရှင်များ

 ၀၃-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

မိခင်ကြီးနေမကောင်းဖြစ်နေတဲ့ သတင်းကြားတာနဲ့ အပြေးအလွှားပြန်သွားပြီး ကိုယ်ဖိရင်ဖိ ပြုစုပေးနေရှာတဲ့ သားလိမ္မာလေးကျော်ကျော်နန္ဒ

အဆိုတော် ကျော်ကျော်နန္ဒကတော့ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရဲရဲဝင့်ဝင့်ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ် ။ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတစ်ယောက်နေရာကနေ တစ်တပ်တစ်အား ပါဝင်ခဲ့တဲ့ ကျော်ကျော်နန္ဒက ပုဒ်မ (၅၀၅)က နဲ့ ဝရမ်းထုတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ် ။ ဒါကြောင့် ကျော်ကျော်နန္ဒက အဝေးတစ်နေရာမှာ အနေဆင်းရဲ၊အစားဆင်းရဲနဲ့ ဒုက္ခခံပြီး ရှောင်ပုန်းခဲ့ရတာ ဖြစ်ပါတယ် ။

Photo Credit-Kyaw Kyaw Nanda's FB Acc
Photo Credit-Kyaw Kyaw Nanda's FB Acc
Photo Credit-Kyaw Kyaw Nanda's FB Acc
Photo Credit-Kyaw Kyaw Nanda's FB Acc

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ကျော်ကျော်နန္ဒအပါအဝင် အနုပညာရှင် (၂၅) ဦးကို (၅၀၅)ကနဲ့ တရားစွဲဆိုထားတဲ့စာရင်းကနေ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းကြောင့် ပရိသတ်တွေကလည်း ကျော်ကျော်နန္ဒအတွက် ဝမ်းသာနေကြတာ ဖြစ်ပါတယ် ။အခုတော့ ကျော်ကျော်နန္ဒက သူ့ရဲ့မိခင်ကြီး နေမကောင်းဖြစ်နေတာကိုကြားရလို့ အမြန်သွားပြီး ကိုယ်တိုင်ပြုစုစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ် ။

Photo Credit-Kyaw Kyaw Nanda's FB Acc
Photo Credit-Kyaw Kyaw Nanda's FB Acc
Photo Credit-Kyaw Kyaw Nanda's FB Acc
Photo Credit-Kyaw Kyaw Nanda's FB Acc
Photo Credit-Kyaw Kyaw Nanda's FB Acc
Photo Credit-Kyaw Kyaw Nanda's FB Acc

မိခင်ဖြစ်သူ နေမကောင်းဖြစ်နေတဲ့အချိန်မှာ သားတစ်ယောက်အနေနဲ့ အခုလိုပြုစုခွင့်ရတာက "ဘုရားကယ်လို့ပါ"ဆိုပြီး ကျော်ကျော်နန္ဒက ပြောထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ကျော်ကျော်နန္ဒက သူ့ကို အဘက်ဘက်ကနေ ကူညီပေးခဲ့သူတွေနဲ့ ဆုတောင်းမေတ္တာပို့သပေးခဲ့တဲ့သူတွေအားလုံးကို ကျေးဇူးတင်စကားပြောထားတာလည်း တွေ့ရပါတယ်။ နာမကျန်းဖြစ်နေတဲ့ မိခင်ရဲ့လက်လေးကိုကိုင်ပြီး ဘေးကနေ အားပေးနေတဲ့ ကျော်ကျော်နန္ဒရဲ့အကြောင်းကို ပြန်လည်ဖော်ပြပေးလိုက်တာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Kyaw Kyaw Nanda's FB Acc

Photo Credit-Kyaw Kyaw Nanda's FB Acc
Photo Credit-Kyaw Kyaw Nanda's FB Acc
Photo Credit-Kyaw Kyaw Nanda's FB Acc
Photo Credit-Kyaw Kyaw Nanda's FB Acc
Photo Credit-Kyaw Kyaw Nanda's FB Acc
Photo Credit-Kyaw Kyaw Nanda's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T