ဖြစ်ပေါ်နေတဲ့အခြေအနေအရပ်ရပ်နဲ့ပက်သက်ပြီး ပြည်သူတွေနှုတ်လုံပေးဖို့ မေတ္တာရပ်ခံလာတဲ့တိုင်းကျော်

//s9.kh1.co/31/316049fab7c5a704ee45ebb12b9f9bcfc41e3961.jpg
အနုပညာရှင်များ

 ၀၂-လိုင်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

လူရွှင်တော်တိုင်းကျော်က သူ့ရဲ့ညီအစ်ကိုမိတ်ဆွေတွေဖြစ်တဲ့ ဟားငါးကောင်နဲ့အတူ လွတ်မြောက်နယ်မြေကိုရောက်ရှိနေတာဖြစ်ပြီး Gen Zလူငယ်လေးတွေနဲ့အတူ စစ်ပညာသင်ယူနေတာဖြစ်ပါတယ်။ တိုင်းကျော်တို့အဖွဲ့က တောထဲတောင်ထဲမှာ နေစရာအိမ်ကအစကိုယ်တိုင်ဆောက်ပြီး အခက်အခဲဒုက္ခတွေကြားထဲကနေ တိုင်းပြည်ကာကွယ်ဖို့အတွက် စစ်ပညာသင်ယူနေကြတာပါ....။

Photo credit-​ Taingkyaw's Facebook acc
Photo credit-​ Taingkyaw's Facebook acc
Photo credit-​ Taingkyaw's Facebook acc
Photo credit-​ Taingkyaw's Facebook acc

ခက်ခဲပင်ပန်းမှုတွေ၊ အစားအသောက်အဆင်မပြေမှုတွေရှိပေမယ့်လည်း မငြီးငြူကြဘဲ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးဖို့ကြိုးစားနေတဲ့ ဟားငါးကောင်အဖွဲ့ကတော့ အာဏာရှင်ကိုအမြစ်ပြတ်တိုက်ထုတ်ဖို့ စိတ်အားထက်သန်နေကြတာကိုတွေ့ရပါတယ်။ တိုင်းကျော်ကတော့ တော်လှန်ရေးပြုလုပ်နေတဲ့ကြားက ပြည်သူတွေစိတ်ခွန်အားဖြစ်စေမယ့်စာလေးတွေနဲ့သူ့ရဲ့ထင်မြင်ချက်လေးတွေကိုရေးသားလေ့ရှိတဲ့သူဖြစ်ပါတယ်။

Photo credit-​ Taingkyaw's Facebook acc
Photo credit-​ Taingkyaw's Facebook acc
Photo credit-​ Taingkyaw's Facebook acc
Photo credit-​ Taingkyaw's Facebook acc

အခုဆိုရင်လည်း တိုင်းကျော်ကကိုယ်တိုင်လည်းအာဏာရှင်‌တော်လှန်ဖို့အတွက် စစ်ပညာသင်ယူနေတဲ့သူဖြစ်တာကြောင့် လက်ရှိအခြေအနေတွေနဲ့ပက်သက်ပြီး ပြည်သူတွေကိုမေတ္တာရပ်ခံလာပါတယ်။ "အတိုး ၊ အဆုတ် ကို

ခဏ သီးခံ နှုတ် လုံပေး

မကြာခင် အကုန်

မျိုးပြုတ် တော့ မှာ .. ......

တိုင်းကျော် ( ဟား၅ ကောင် )....." ဆိုပြီးရေးသားထားတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-​ Taingkyaw's Facebook acc
Photo credit-​ Taingkyaw's Facebook acc

သတင်း အရင်းအမြစ်Taingkyaw's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T