ဆီးချိုရှိတဲ့ ရဟန်းသံဃာတော် ဘုရားများအတွက် မွန်မြတ်တဲ့ ကုသိုလ်ထူးလေး တစ်ခု ပြုလုပ်ပေးမယ့် နေဒွေး

//s9.kh1.co/3a/3ad70c70d85a824d1bf1a6a3bcb767a3aec7bd6e.jpeg
အနုပညာရှင်များ

 ၀၂-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.......

အောင်မြင်ကျော်ကြားနေတဲ့ အနုပညာရှင် တစ်ယောက်အဖြစ် ရပ်တည် လျှောက်လှမ်းနေတဲ့ မင်းသားချော နေဒွေးကတော့ ပရိသတ်အခိုင်အမာ ရရှိထားသူ တစ်ယောက်ပါ ။ အလုပ်တွေ ကြိုးစားလုပ်ကိုင်သလို မိဘကို ရှာဖွေ ကျွေးမွေးနေတဲ့ သားလိမ္မာလေး ဖြစ်တာကြောင့် ဘယ်အလုပ်မဆို အောင်မြင်မှုတွေ ရရှိနေတာလည်း ဖြစ်ပါတယ်။ဒါ့အပြင် ခုလိုကာလတွေမှာလည်း လှူဒါန်းမှုတွေကို ဆက်တိုက်ပြုလုပ်နေသူဖြစ်ပါတယ် ။

 Photo Credit : Nay Dway Facebook Account
 Photo Credit : Nay Dway Facebook Account
 Photo Credit : Nay Dway Facebook Account
 Photo Credit : Nay Dway Facebook Account

နေဒွေးကတော့ ပြီးခဲ့တဲ့ လပိုင်းတွေကလည်း လိုအပ်နေတဲ့ ပြည်သူတွေအပြင် အခက်အခဲဖြစ်နေကြတဲ့ အနုပညာ ညီအစ်ကိုမောင်နှမတွေကိုလည်း တတ်နိုင်သလောက် ဂါဝရပြုကာ ဖေးမကူညီမှုတွေ ပြုလုပ်ခဲ့တာလည်း တွေ့ရပါတယ်။ဒါ့အပြင် သူကိုယ်တိုင် ဦးစီးဦးဆောင်လုပ်နေတဲ့ ဆန်လုပ်ငန်းက ရရှိတဲ့ ရောင်းရငွေတွေနဲ့လည်း အလှူအတန်းတွေ ပြုလုပ်ခဲ့ပါသေးတယ် ။ 

 Photo Credit : Nay Dway Facebook Account
 Photo Credit : Nay Dway Facebook Account

ဒီနေ့မှာလည်း ဆီးချိုရောဂါရှိတဲ့ ရဟန်း သံဃာတော်များအတွက် ဆီချိုဆန်များကို သူ့ဆီကနေ ဝယ်ယူစရာမလိုဘဲ အခမဲ့ လှူဒါန်းပေးမယ့်အကြောင်းလေးကို " ကျွန်တော်ရဲ့ JITTOO  အော်ဂန်းနစ် ရွှေဆန်  ( ကယ်လိုရီ -0) ,ကျန်းမာရေးဆန် ,ဆီးချိုဆန် ကို ဆီးချိုရှိသော ရဟန်းသံင်္ဃာဆရာတော်ဘုရားများအတွက် အခမဲ့လှုဒါန်းပါတယ်ခင်ဗျ ဝယ်ယူစရာမလိုပါဖူးခင်ဗျ ဆီးချိုနောက်ဆုံးအဆင့်ထိ သုံးဆောင်ဘုန်းပေးလို့ရပါတယ်ခင်ဗျ "ဆိုပြီး ရေးသားဖော်ပြထားရာ တကယ်ကို လေးစားမိတာကြောင့် သာဓုခေါ်ဆိုရင်း ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Source & Photo Credit : Nay Dway Facebook Account
Source & Photo Credit : Nay Dway Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T