ခေတ်အဆက်ဆက် မှတ်သားစရာကောင်းလွန်းတဲ့ ဘဘဦးညွှန့်ဝင်းရဲ့ စကားလေးတွေကို ပြန်လည်ပြောပြလာတဲ့ ခြူးလေး

//s9.kh1.co/21/21de6c846c51bd3a27e8c3ad9b694d295f975a9a.jpeg
အနုပညာရှင်များ

 ၀၂-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

မြန်မာ့ရုပ်ရှင်လောကရဲ့ ဂန္တာဝင်သရုပ်ဆောင် အနုပညာရှင်ကြီးတစ်ယောက်ဖြစ်တဲ့ ဦးညွှန့်ဝင်းဟာ ဒီကနေ့ ဇူလိုင်လ(၁)ရက်နေ့မှာပဲ ကွယ်လွန်သွားခဲ့တာကို ပရိသတ်တွေ သိရှိပြီး ဖြစ်မှာပါနော်..။

အကယ်ဒမီ(၇)ဆုရှင် ဦးညွှန့်ဝင်းဟာ မနက်အစောပိုင်းအချိန်က ဘဝတစ်ပါးကို ကူးပြောင်းသွားတာဖြစ်ပြီး ပရိသတ်တွေကလည်း မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲနေကြတာ ဖြစ်ပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

ကျရာနေရာမှာ သဏ္ဍာန်လုပ်သရုပ်တူအောင် သရုပ်ဆောင်နိုင်ပြီး မျိုးဆက်သစ်အနုပညာရှင်တွေ လေးစားအတုယူရတဲ့ ဘဘဦးညွှန့်ဝင်းပြောခဲ့တဲ့ မှတ်သားစရာစကားလေးကိုလည်း သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ခြူးလေးက ပြန်လည်ပြောပြလာပါတယ်..။

ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေဟာ ပရိသတ်ရင်ထဲ အစစ်အမှန်ရောက်နိုင်မှ သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်နိုင်တဲ့အကြောင်း လက်ဆင့်ကမ်းပြောပြခဲ့တာ ဖြစ်ပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Chue Chue's Fb Acc
Photo Credit - Chue Chue's Fb Acc

“ ကိုယ်က မျက်ရည်ကျ ပြရမှာထက် ပရိတ်သတ်ကို မျက်ရည်ကျအောင် လုပ် နိုင်မှ သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်တာ “  ခေတ်အဆက်ဆက်အတွက် မှတ်သားထိုက်ပါတယ် ရှင် 

ကောင်းရာ ဘုံဘဝ ရောက်ပါစေ။ 

???.." ဆိုပြီး ခြူးလေးက ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

ခေတ်အဆက်ဆက် အနုပညာရှင်တွေအတွက် စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်ခဲ့တဲ့ ဘဘဦးညွှန့်ဝင်းရဲ့ မှတ်သားစရာစကားလေးကတော့ မျိုးဆက်သစ်လူငယ်တွေအတွက်လည်း တကယ်ကို အကျိုးပြုစေမှာ အသေအချာပါပဲ..။

Photo Credit - Original Uploader
Photo Credit - Original Uploader

သတင်း အရင်းအမြစ်Chue Chue's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T