တောထဲမှာ ရှိတဲ့ရိက္ခာလေးနဲ့ ချက်ပြုတ်စားသောက်ရပုံတွေကို ပြည်သူတွေသိရှိအောင် ပုံနှင့်တကွ ဝေမျှလာတဲ့ ပြည်ကျော်

//s9.kh1.co/8d/8dfb139223dbb25fd8a44fd6f0113ff89b1e5b6a.jpeg
အနုပညာရှင်များ

 ၀၂-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

လူရွှင်တော် ဟားငါးကောင်အဖွဲ့ဝင်တွေဟာ တော်လှန်ရေးတိုက်ပွဲများအတွက် တောထဲတွင် ကြိုးစားပြင်ဆင်နေကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့လှုပ်ရှားမှုတွေကိုလည်း ပြည်သူတွေသိရှိပြီး အားတက်စေဖို့ လူမှုကွန်ယက်များတွင်ဝေမျှပေးနေကြတာ ဖြစ်ပါတယ်။ မှန်ကန်တဲ့ဘက်ကနေ အခုလို အခိုင်အမာရပ်တည်ပေးခဲ့ကြတဲ့  အနုပညာရှင်များကိုလည်း ပြည်သူတွေအားလုံးက လေးစားဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။

Photo Crd-Pyay Kyaw’s Facebook Account 
Photo Crd-Pyay Kyaw’s Facebook Account 
Photo Crd-Pyay Kyaw’s Facebook Account 
Photo Crd-Pyay Kyaw’s Facebook Account 

ဟားငါးကောင်အဖွဲ့ဟာ တောထဲတောင်ထဲမှာ အခက်အခဲတွေများစွာကို ကြံံ့ကြံ့ခိုင်ရင်ဆိုင်ပြီး နေထိုင်နေကြတာဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း လူရွှင်တော် ပြည်ကျော်ရဲ့ လူမှုကွန်ယက်တွင် ဓာတ်ပုံလေးတွေ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ တောထဲမှာ ရှိတဲ့ရိက္ခာလေးနဲ့ ချက်ပြုတ်စားသောက်ရပုံတွေကို ပြည်သူတွေသိရှိအောင် ပုံနှင့်တကွ ဝေမျှလာတာ ဖြစ်ပါတယ်။ သူတို့တွေဟာ စားသောက်ကုန်တွေကိုလည်း တောထဲကိုရရှိဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ကြရပုံတွေကို ကြည့်ရှုပြီး ပရိသတ်တွေအားလုံးက ကရုဏာသက်နေကြတာပါ။

Photo Crd-Pyay Kyaw’s Facebook Account 
Photo Crd-Pyay Kyaw’s Facebook Account 
Photo Crd-Pyay Kyaw’s Facebook Account 
Photo Crd-Pyay Kyaw’s Facebook Account 

သူကလည်း " ကျွန်တော်မသေ တာဝန်မကြေ တိုင်းပြည်မလှလက်နက်မချ....ပြည်ကျော်(ဟားငါးကောင်) " ဆိုပြီးရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကို ရယ်မောပျော်ရွှင်အောင် လုပ်ပေးခဲ့ကြတဲ့ ဟာသလူရွှင်တော်တွေဟာ တောထဲမှာ အခုလို စားသောက်နေထိုင်နေကြ ရတာကို မြင်တွေ့ရသည်မှာ တကယ်ကို ဂုဏ်ယူစရာကောင်းလှပါတယ်။ပြည်သူတွေဘက်က ရပ်တည်ပေးခဲ့ကြတဲ့ အနုပညာရှင်တိုင်းကိုလည်း အရင်ကထက် ပိုပြီးအားပေးကြဖို့ ပြောကြားရင်း ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Pyay Kyaw’s Facebook Account 

Photo Crd-Pyay Kyaw’s Facebook Account 
Photo Crd-Pyay Kyaw’s Facebook Account 
Photo Crd-Pyay Kyaw’s Facebook Account 
Photo Crd-Pyay Kyaw’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T