ရေမွန့်ရဲ့လိပ်ပြာ(သစ်ရွက်လေး)ကို အေးချမ်းပြီး အရိပ်ရတဲ့နေရာလေးတစ်ခုမှာ သွားထားပေးခဲ့တဲ့ မိခင်ဖြစ်သူနဲ့ ညီမလေးလပြည့်ကဗျာ

//s9.kh1.co/e4/e4656b21808b75efb735cfaaac7340bf94e36b55.jpg
အနုပညာရှင်များ

 ၀၂-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ရေမွန့်ရဲ့လိပ်ပြာ(သစ်ရွက်လေး)ကို အေးချမ်းပြီး အရိပ်ရတဲ့နေရာလေးတစ်ခုမှာ သွားထားပေးခဲ့တဲ့ မိခင်ဖြစ်သူနဲ့ ညီမလေးလပြည့်ကဗျာ

လူသေသွားပေမယ့်လည်း နာမည်မသေဘဲ ကျန်ရစ်ခဲ့မယ့်သူတွေထဲမှာ Idiots Band ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အဆိုတော်ရေမွန်လည်း ပါဝင်ခဲ့ပြီ ဖြစ်ပါတယ် ။ ရေမွန်ကတော့ တိုင်းပြည်အတွက် တာဝန်ကျေပွန်တဲ့သူတစ်ဦးဖြစ်အောင် ကြိုးစားနေတဲ့အချိန်မှာ ရုတ်တရက် အစာအိမ်သွေးကြောပေါက်ပြီး စောစီးစွာ ကြွေလွင့်သွားခဲ့တာ ဖြစ်ပါတယ် ။ ရေမွန်ကွယ်လွန်သွားတဲ့အပေါ်မှာ အားလုံးက ဝမ်းနည်းခံစားရသလို နှမြောတသဖြစ်နေကြတာလည်း ဖြစ်ပါတယ် ။

Photo Credit-Lapyae Gabyar's FB Acc
Photo Credit-Lapyae Gabyar's FB Acc
Photo Credit-Lapyae Gabyar's FB Acc
Photo Credit-Lapyae Gabyar's FB Acc
Photo Credit-Lapyae Gabyar's FB Acc
Photo Credit-Lapyae Gabyar's FB Acc

အခုဆိုရင် ရေမွန့်ကိုချစ်တဲ့သူတွေက သူ့ကိုသတိရ လွမ်းဆွတ်တဲ့အနေနဲ့ အမှတ်တရတွေ ဖန်တီးပေးနေကြတာ ဖြစ်ပါတယ် ။ ရေမွန်ရဲ့မိသားစုကတော့ ပြီးခဲ့တဲ့ရက်ကပဲ သံဃာတော်တွေကို ပင့်ဖိတ်ပြီး သူ့အတွက် ရက်လည်ဆွမ်းသွတ်ပေးခဲ့တာ ဖြစ်ပါတယ် ။ မနေ့ကလည်း အန်တီခင်မြတ်မွန်နဲ့ ညီမလေး လပြည့်ကဗျာတို့က ရေမွန့်ကိုအေးချမ်းစေချင်တဲ့ဆန္ဒနဲ့ ကုသိုလ်ပြုပေးခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit-Khin Myat Mon's FB Acc
Photo Credit-Khin Myat Mon's FB Acc
Photo Credit-Lapyae Gabyar's FB Acc
Photo Credit-Lapyae Gabyar's FB Acc
Photo Credit-Lapyae Gabyar's FB Acc
Photo Credit-Lapyae Gabyar's FB Acc

ညီမလေးလပြည့်ကဗျာက "မနေ့က ဘပီရဲ့လိပ်ပြာလေးကို(သစ်ရွက်လေး) အေးချမ်းပြီး အရ်ိပ်ရတဲ့နေရာလေးမှာ သွားထားခဲ့ပါတယ် ဘုရားရိပ် တရားရိပ်မို့ ဘပီပိုအေးချမ်းပါစေနော် ?" ဆိုပြီး ပုံလေးတွေကို မျှဝေခဲ့တာ ဖြစ်ပါတယ် ။ မိခင်ဖြစ်သူနဲ့ ညီမလေးလပြည့်တို့ကတော့ ရေမွန်အတွက် တတ်နိုင်သလောက် ကုသိုလ်ကောင်းမှုတွေ လုပ်ပေးနေကြတာ ဖြစ်ပါတယ် ။ရေမွန်ရဲ့လိပ်ပြာ(သစ်ရွက်လေး) ကို အေးချမ်းတဲ့နေရာမှာ ထားပေးခဲ့တဲ့ လပြည့်ကဗျာတို့သားအမိရဲ့ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source & Photo Credit-Lapyae Gabyar's FB Acc

Photo Credit-Lapyae Gabyar's FB Acc
Photo Credit-Lapyae Gabyar's FB Acc
Photo Credit-Lapyae Gabyar's FB Acc
Photo Credit-Lapyae Gabyar's FB Acc
Photo Credit-Lapyae Gabyar's FB Acc
Photo Credit-Lapyae Gabyar's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T