အုတ်ရိုးကြားထဲ အထီးကျန်စွာနေရတဲ့ (၇၅) ရက်အတွင်း သူနဲ့ထပ်တူခံစားပေးကြသူတွေကိုကြောင့် မျက်ရည်ကျတဲ့အထိ ဝမ်းသာခဲ့ရတဲ့ မေဦးမောင်

//s9.kh1.co/bc/bc68d090dbb4a2bfc5b74c10211443a35917298a.jpeg
အနုပညာရှင်များ

 ၀၂-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

မိတ်ကပ်ဖန်တီးပညာရှင် မေဦးမောင်ကတော့ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ဖေဖော်ဝါရီလအစကတည်းကနေ လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။  ပုဒ်မ ၅၀၅(က) ဖြင့်တရားစွဲဆိုအရေးယူခံခဲ့ရပြီး အကျဉ်းထောင်ထဲတွင်လည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။ မကြာသေးခင်ရက်ပိုင်းက အကျဉ်းထောင်အသီးသီးမှလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်တဲ့အထဲတွင် မေဦးမောင်လည်း ပါဝင်ခဲ့ပါတယ်။

Photo Crd-May Oo Maung’s Facebook Account 
Photo Crd-May Oo Maung’s Facebook Account 
Photo Crd-May Oo Maung’s Facebook Account 
Photo Crd-May Oo Maung’s Facebook Account 

ဒီသတင်းကြောင့် ပရိသတ်တွေနဲ့ မေဦးမောင်ကို ချစ်ခင်ကြသူတွေအားလုံးက သူ့အတွက် ဝမ်းသာခဲ့ကြရတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူ့ရဲ့လူမှုကွန်ယက်တွင် အုတ်ရိုးကြားထဲ အထီးကျန်စွာနေရတဲ့(၇၅) ရက်အတွင်း သူနဲ့ထပ်တူခံစားပေးကြသူတွေကိုကြောင့် မျက်ရည်ကျတဲ့အထိ ခံစားခဲ့ရတဲ့အကြောင်းလေးကိုဝမ်းနည်းစွာဖြင့် ရေးသားပြောပြလာတာ ဖြစ်ပါတယ်။ ဘဝရဲ့အမှောင်ဆုံးလမ်းလို့ ထင်ရလောက်တဲ့လမ်းကိုလျှောက်နေရတဲ့အချိန်မှာ သူ့ကိုယုံကြည်စွာရှိပေးခဲ့တဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ရှိကြောင်းနဲ့အကျဉ်းထောင်ထဲသို့ ပို့ပေးခဲ့တဲ့ ရိက္ခာတွေကိုလည်း စားစရာများလို့ မထင်တော့ဘဲ ချစ်ခြင်းမေတ္တာတွေလို့သာမြင်မိပြီး မျက်ရည်ကျတဲ့အထိ ပီတိဖြစ်ခဲ့ရကြောင်းကိုလည်း အခုလို ရေးသားထားတာ ဖြစ်ပါတယ်။

Photo Crd-May Oo Maung’s Facebook Account 
Photo Crd-May Oo Maung’s Facebook Account 
Photo Crd-May Oo Maung’s Facebook Account 
Photo Crd-May Oo Maung’s Facebook Account 

" ကံဇာတာအညှိုးမှိန်ဆုံးအချိန်ဘဝရဲ့အမှောင်ဆုံးလမ်းလို့ထင်ရလောက်တဲ့လမ်းကိုလျှောက်လှမ်းရတဲ့အချိန်မှာယုံကြည်စွာအတူရှိနေပေးခဲ့တဲ့မိတ်ဆွေစစ်မိတ်ဆွေမှန်တွေကိုသိပ်ကျေးဇူးတင်တယ်!အုတ်ရိုးထဲကြားထဲအထီးကျန်စွာနေရတဲ့ ၇၅ ရက်မှာစားစရာတွေအားပေးစကားတွေပို့ပေးကျတော့စားစရာတွေလို့မမြင်တော့ပဲ’ချစ်ခြင်းမေတ္တာတွေ”စိုးရိမ်ကြောင့်ကျမှုတွေ”ပူပန်သောကတွေကိုဦးမောင်နဲ့ထပ်တူခံစားပေးတယ်လို့မြင်မိတော့အကြိမ်ကြိမ်မျက်ရည်ကျရတယ်ချစ်တဲ့သူတွေရေ!လွတ်လပ်ခြင်းရဲ့အရသာ! မေတ္တာတရားရဲ့အနက်အဓိပ္ပါယ်!မိတ်ဆွေစစ်တွေရဲ့တန်ဖိုး!ဘဝမှာဘယ်အရာတွေကမှအဖိုးတန်ဆိုတာသိရှိနားလည်ခဲ့ပြီးမိဘရင်ခွင်ထံကျန်းမာစွာဖြင့်ပြန်ရောက်ရှိနေပါပြီ! ဦးမောင်လူတိုင်းကိုချစ်တယ်။???" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။အန္တရာယ်ကင်းစွာပြန်ရောက်လာတဲ့အတွက် ပရိသတ်တွေက ဝမ်းသာနေကြောင်းကိုလည်း comment များရေးသားထားကြတာ ဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများနဲ့ အနုပညာရှင်တွေလည်း အမြန်ဆုံးလွတ်မြောက်ကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-May Oo Maung’s Facebook Account 

Photo Crd-May Oo Maung’s Facebook Account 
Photo Crd-May Oo Maung’s Facebook Account 
Photo Crd-May Oo Maung’s Facebook Account 
Photo Crd-May Oo Maung’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T