လတ်တလော ကိုဗစ်ရောဂါကူးစက်မှုနှုန်းဟာ အရေးပေါ်အခြေအနေ ဖြစ်လာတာကြောင့် ပြည်သူတွေကို အထူးသတိပေးပြောလာခဲ့တဲ့ မင်းမော်ကွန်း

//s9.kh1.co/48/48241eae998b0e8bf89e49414cb1b789b0fd50b0.jpg
အနုပညာရှင်များ

 ၀၂-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေမျိုးမှာ တတိယလှိုင်း ကိုဗစ်ရောဂါ ကူးစက်မှုနှုန်းကလည်း တစ်နေ့တခြားမြင့်တက်လာခဲ့သလို သေဆုံးသူဦးရေကလည်း များလာခဲ့ပါတယ်။ ဒါ့အပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေမှာလည်း ဇူလိုင်လ(၁)ရက်နေ့တစ်နေ့ထဲမှာပဲ ကူးစက်ခံရသူ ပိုးတွေလူနာသစ်(၂၀၇၀)ဦး တွေ့ရှိခဲ့ပြီး ကိုဗစ်ကြောင့် သေဆုံးသူ(၁၃)ဦးရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီလိုကူးစက်မှုနှုန်းဟာ ကိုဗစ်ဒုတိယလှိုင်းက အမြင့်ဆုံးကူးစက်မှုနှုန်းထက် ပိုများလာတာ တွေ့ရပါတယ်။

Photo Credit - Kyaw Kyaw Htay lwin fb account
Photo Credit - Kyaw Kyaw Htay lwin fb account

ယခုအချိန်မှာ ရောဂါကူးစက်တဲ့ လူနာတွေကိုထားရှိဖို့ အရင်လို ကျန်းမာရေးစောင့်ရှောက်ပေးတဲ့ ကိုဗစ်စင်တာတွေလည်းမရှိသလို ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဘော်လန်တီယာတွေလည်း မရှိတာ​​ကြောင့် တချို့မြို့နယ်တွေမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာ တွေ့ရပါတယ်။ ဒီလိုအခက်အခဲတွေနဲ့ ကြုံတွေ့နေရတာကြောင့် ကိုဗစ်ရောဂါ ကူးစက်မခံရအောင်လည်း သရုပ်ဆောင်မင်းမော်ကွန်းက ပြည်သူတွေအတွက် အထူးသတိပေးပြောလာခဲ့တာကိုလည်း တွေ့ရပါတယ်။

Photo Credit - Kyaw Kyaw Htay lwin fb account
Photo Credit - Kyaw Kyaw Htay lwin fb account

"ကိုယ့်အသိစိတ်ဓါတ်နဲ့ကို အိမ်မှာပဲ​နေခြင်းဖြင့် ကူညီကြပါ....အ​ရေး​ပေါ်အဆင့်ဖြစ်လာပါပြီ

ဘယ်သူမှအားကိုးလို့မရတဲ့အ​ခြေအ​နေပါ....မလွဲသာလို့အပြင်သွားရင် Mask နှစ်ထပ်တပ်ပါ.....

လက်​ခဏခဏ​ဆေးပါ... လူစုလူ​ဝေးကို​ရှောင်ပါ....ကျန်းမာစွာ​နေခြင်းဖြင့် ​တိုင်းပြည်ရဲ့ဒုက္ခကို

တစ်ထောင့်တစ်​နေရာက ကာကွယ်​ပေးကြပါ"ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားဖော်ပြထားပါတယ်။ သရုပ်ဆောင်မင်းမော်ကွန်းဟာ ဒီမိုကရေစီလှုပ်ရှားမှုတွေမှာ ပါဝင်ရင်း ပုဒ်မ (၅၀၅-က)ဖြင့် ဖမ်းဝရမ်းထုတ်ခံရတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။

Photo Credit - Kyaw Kyaw Htay lwin fb account
Photo Credit - Kyaw Kyaw Htay lwin fb account

သတင်း အရင်းအမြစ်Source - Kyaw Kyaw Htay lwin fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T