Raymond Tree ကမ်ပိန်းလေးမှာ ပါဝင်ရင်း အေးချမ်းလှပတဲ့ grave လေးတစ်ခုကို ရေမွန်အတွက် ဖန်တီးပြုလုပ်ပေးထားတဲ့ ပရိသတ်တစ်ဦး

//s9.kh1.co/5d/5df1827e08e35bd4480ed403c0dfe9bbd20fe881.jpg
အနုပညာရှင်များ

 ၀၂-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော် ရေမွန် ကွယ်လွန်သွားခဲ့ပြီးနောက် သူ့ကိုချစ်ကြတဲ့ အနုပညာမောင်နုမတွေ နဲ့ ပရိသတ်တွေက အမြဲသတိတရဖြစ်အောင် အမှတ်တရလေးတွေကို ပြုလုပ်ခဲ့ပါတယ်။ တချို့ပရိသတ်တွေဆိုရင်လည်း ရေမွန်ရဲ့ ပုံလေးတွေနဲ့ သီချင်းတွေကို ခန္ဓာကိုယ်ပေါ်တွေမှာ ရေးထိုးထားခဲ့ကြသလို တောင်ကြီးမြို့က ဆိုင်တစ်ဆိုင်မှာ အမှတ်တရအနေဖြင့် Idiots Raymond Roomဆိုတဲ့ အခန်းလေးတွေလည်း သီးသန့် ပြုလုပ်ပေးထားတာ တွေ့ရပါတယ်။

Photo Credit - Everest Karie fb page
Photo Credit - Everest Karie fb page
Photo Credit - Everest Karie fb page
Photo Credit - Everest Karie fb page
Photo Credit - Everest Karie fb page
Photo Credit - Everest Karie fb page

ပြီးခဲ့တဲ့ ဇွန်လ(၂၆)ရက်နေ့ကလည်း ရေမွန်ကို သတိတရဖြစ်အောင်နဲ့ ကမ္ဘာမြေကိုလည်း အကျိုးပြုစေဖို့ Raymond Tree ဆိုတဲ့ သစ်ပင်စိုက် ကမ်ပိန်းလေးကို အဆိုတော် နိုဗန်ထူးက သူ့ရဲ့ အရိုးပြာအချို့နဲ့ သစ်ပင်များစိုက်ပျိုးခဲ့သလို ဒီကမ်ပိန်းလေးမှာလည်း ပါဝင်ကြဖို့ကိုလည်း ဖိတ်ခေါ်ထားခဲ့ပါတယ်။ ယခုအခါမှာလည်း ချစ်တဲ့ ပရိသတ်တစ်ဦးက Raymond Treeမှာကမ်ပိန်းလေးမှာ ပါဝင်ရင်း ရေမွန်အတွက် အေးချမ်းတဲ့ grave လေးကို ဖန်တီး ပြုလုပ်ပေးခဲ့ပါတယ်။

Photo Credit - Everest Karie fb page
Photo Credit - Everest Karie fb page
Photo Credit - Everest Karie fb page
Photo Credit - Everest Karie fb page
Photo Credit - Everest Karie fb page
Photo Credit - Everest Karie fb page

အဆိုတော် ရေမွန်ဟာ တောတောင်တွေကြားမှာ နောက်ဆုံးခေါင်းချခဲ့တာကို ရည်ရွယ်ပြီး ဒီ grave လေးကို သဘာဝတောတောင်တွေပုံစံအဖြင့် အမှတ်တရဖြစ်အောင် ဖန်တီးပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီ grave လေးထဲမှာ RIP Raymond ဆိုတဲ့ အုပ်ဂူလေးအပြင် သစ်ပင်ပန်းပင်၊ကျောင်ဆောင်တွေကစတဲ့ အသေးစိတ်တွေကအစ သဘာဝတရားကိုပေါ်လွင်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။ ပရိသတ်တွေလည်း ရေမွန်အတွက် ပြုလုပ်ပေးထားတဲ့ အေးချမ်းတဲ့ grave လေးကိုကြည့်ပြီး လွမ်းဆွတ်သတိရနေမယ်လို့ ထင်မိပါတယ်။

Photo Credit - Everest Karie fb page
Photo Credit - Everest Karie fb page
Photo Credit - Everest Karie fb page
Photo Credit - Everest Karie fb page
Photo Credit - Everest Karie fb page
Photo Credit - Everest Karie fb page

သတင်း အရင်းအမြစ်Source - Everest Karie fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T