အာဏာမသိမ်းခင် ကာလတုန်းက ရိုက်ကူးထားတဲ့ ဗီဒီယိုလေးတစ်ခုကို ပရိသတ်တွေအား ပြန်လည် ဝေမျှပေးလိုက်တဲ့ မအေးသောင်း

//s9.kh1.co/66/66cd87278ad04d92ef6b9e1e56240cf96c887488.jpeg
အနုပညာရှင်များ

 ၀၂-လိုင်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် အေးဝတ်ရည်သောင်းကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုများတွင် ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅(က) ဖြင့် အရေးယူခံခဲ့ရသူ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းကတော့ ၅၀၅(က) ဖြင့် အမှုဖွင့်အရေးယူထားခြင်းမှ ရုတ်သိမ်းပေးခံခဲ့ရတဲ့ အနုပညာရှင်(၂၄) ဦးထဲတွင် ပါဝင်ခဲ့ပါတယ်။ ဒီသတင်းကြောင့် သူမကိုချစ်တဲ့ ပရိသတ်များနဲ့ မိသားစုဝင်များက ဝမ်းသာနေကြတာ ဖြစ်ပါတယ်။

Photo Crd-Ayethaung.awyt’s IG Account 
Photo Crd-Ayethaung.awyt’s IG Account 
Photo Crd-Ayethaung.awyt’s IG Account 
Photo Crd-Ayethaung.awyt’s IG Account 

တိမ်းရှောင်နေစဉ်ကာလအတွင်း သူမရဲ့ လှုပ်ရှားမှုတစ်ချို့ကိုလည်း ပရိသတ်တွေ သိရှိစေဖို့ လူမှုကွန်ယက်များမှတစ်ဆင့် ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ တစ်ခါတစ်လေလည်း သူမနေထိုင်စားသောက်ခဲ့ရတာတွေကိုလည်း တင်ပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းလောက်ကလည်း အေးဝတ်ရည်သောင်းရဲ့Instagram အကောင့်မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ အာဏာမသိမ်းခင် အချိန်တုန်းကရိုက်ကူးထားတဲ့ ဗီဒီယိုလေးတစ်ခုကို ပရိသတ်တွေအား ပြန်လည် ဝေမျှလိုက်တာပဲ ဖြစ်ပါတယ်။

Photo Crd-Ayethaung.awyt’s IG Account 
Photo Crd-Ayethaung.awyt’s IG Account 
Photo Crd-Ayethaung.awyt’s IG Account 
Photo Crd-Ayethaung.awyt’s IG Account 

သူမကလည်း " အရင်အချိန်တွေ ပြန်မရတော့ဘူး ?” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဒီ့ထက်ကောင်းမွန်တဲ့ဘဝတွေ ရရှိတော့မှာဖြစ်တဲ့အတွက် တောင့်ခံထားပါဦးဆိုပြီး မအေးသောင်းကိုအားပေးစကားတွေ ပြောပေးထားကြတာကိုလည်း မြင်တွေ့ရပါတယ်။ အရင်လို ပျော်ရွှင်စရာကောင်းတဲ့အချိန်လေးတွေ ပြန်လည်ရရှိဖို့ တော်လှန်ရေးတွင် ကိုယ်တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ပေးကြဖို့ ပြောကြားရင်း ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Ayethaung.awyt’s IG Account 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T