မြန်မာနိုင်ငံမှာ ရရှိသူနည်းသေးတဲ့ YouTube Silver Button ဆုကို ရခဲ့တာကြောင့် အတိုင်းမသိပျော်ရွှင်နေတဲ့ အဆိုတော် Benjamin Sum

//s9.kh1.co/cc/cca1ec943bce1ae7a92cf8068903a17e2e4f2595.jpeg
အနုပညာရှင်များ

 ၀၁-လိုင်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

......

ပရိသတ်ကြီးရေ Myanmar Idol season (4) ရဲ့ Top(3) finalists တစ်ယောက်ဖြစ်တဲ့ ချင်းတိုင်းရင်းသားလေး အဆိုတော် ဘင်ဂျမင် ကတော့ သီချင်းတွေကို အကောင်းဆုံး သီဆိုနိုင်သူတစ်ယောက်ပါ ။ ငယ်ရွယ်တဲ့ ကျောင်းသားတစ်ယောက် ဖြစ်ပေမယ့် အရွယ်နဲ့မလိုက်အောင် အနုပညာ အရည်အချင်း ပြည့်ဝသူ ဖြစ်တဲ့အတွက် ပရိသတ်အများစုရဲ့ အားပေးဝန်းရံမှု ကို ရရှိခဲ့တာလည်းဖြစ်ပါတယ် ။ 

Photo Credit : Benjamin Sum Facebook Account
Photo Credit : Benjamin Sum Facebook Account
Photo Credit : Benjamin Sum Facebook Account
Photo Credit : Benjamin Sum Facebook Account

ဘင်ဂျမင်က အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေမှာလည်း လူငယ်တစ်ယောက်ပီပီ စိတ်ရော ကိုယ်ပါ နှစ်ပြီး ပါဝင်အားဖြည့်နေသလို စစ်ဘေးရှောင်ပြည်သူတွေအတွက်ပါ တတ်နိုင်သရွေ့ ကူညီပေးနေတာပါ။ မကြာခင်ကမှ ဘင်ဂျမင်က ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရပြီး ဆေးကုသမှု ခံယူရင်း ပြန်လည် ပျောက်ကင်း ခဲ့တာလည်း ဖြစ်ပါတယ် ။ဒီလိုပျောက်ကင်းအောင် ကုသခဲ့စဉ်က အတွေ့အကြုံတွေကိုလည်း ပရိသတ်တွေ အတွက် ဗဟုသုတရစေရန် ဝေမျှခဲ့ပါသေးတယ်။

Photo Credit : Benjamin Sum Facebook Account
Photo Credit : Benjamin Sum Facebook Account

အခုလည်း မကြာခင်နာရီပိုင်းလောက်ကလည်း You Tube က သူရဲ့အကောင့်မှာ Subscriber တစ်သိန်းပြည့်ခဲ့တာကြောင့် YouTube Silver Button  ရရှိခဲ့ကြောင်း ဝမ်းပန်းတသာ ပရိသတ်တွေကို အသိပေးပြောကြားထာတာတွေ့ရပါတယ် ။  ပရိသတ်ကြီးအတွက် Benjamin ရဲ့ YouTube Silver Button  ရရှိခဲ့တဲ့ သတင်းလေးကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Source & Photo Credit : Benjamin Sum Facebook Account
Source & Photo Credit : Benjamin Sum Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T