ဘဘဦးညွှန့်ဝင်းပြောခဲ့တဲ့ ခေတ်အဆက်ဆက်အတွက် မှတ်သားစရာကောင်းလွန်းတဲ့ စကားလေးကို နှမျောတသစွာနဲ့ ပြန်လည်ပြောပြလာတဲ့ ခြူးလေး

//s9.kh1.co/4d/4d0853f0e50a19ce07246b00a4374512116c9c55.jpeg
အနုပညာရှင်များ

 ၀၁-လိုင်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

..

မြန်မာ့ရုပ်ရှင်လောကရဲ့ ဂန္တာဝင်သရုပ်ဆောင် အနုပညာရှင်ကြီးတစ်ယောက်ဖြစ်တဲ့ ဦးညွှန့်ဝင်းဟာ ဒီကနေ့ ဇူလိုင်လ(၁)ရက်နေ့မှာပဲ ကွယ်လွန်သွားခဲ့တာကို ပရိသတ်တွေ သိရှိပြီး ဖြစ်မှာပါနော်..။

အကယ်ဒမီ(၇)ဆုရှင် ဦးညွှန့်ဝင်းဟာ မနက်အစောပိုင်းက ကွယ်လွန်သွားတာဖြစ်ပြီး ပြည်သူချစ်တဲ့ အနုပညာတစ်ယောက်ဖြစ်တာကြောင့် မိသားစုတွေနဲ့ထပ်တူ ပရိသတ်တွေကလည်း ဝမ်းနည်းကြေကွဲနေကြရတာ ဖြစ်ပါတယ်..။

Photo Credit
Photo Credit
Photo Credit
Photo Credit

အသက်အရွယ်ကြောင့် အနုပညာအလုပ်တွေ ရပ်နားထားခဲ့တာ ကြာမြင့်ခဲ့ပေမယ့်လည်း ကွယ်လွန်သွားတဲ့အချိန်ထိ သူ့ရဲ့အနုပညာတွေကတော့ ပရိသတ်တွေ ရင်ထဲ ထာဝရတည်ရှိနေမှာပဲ ဖြစ်ပါတယ်..။

ကျရာနေရာမှာ သဏ္ဍာန်လုပ်သရုပ်တူအောင် သရုပ်ဆောင်နိုင်ပြီး မျိုးဆက်သစ်အနုပညာရှင်တွေအတွက် အတုယူချင်စရာကောင်းတဲ့ ဘဘဦးညွှန့်ဝင်းပြောခဲ့တဲ့ မှတ်သားစရာစကားလေးကိုလည်း သရုပ်ဆောင်ခြူးလေးက ပြောပြလာပါတယ်..။

Photo Credit
Photo Credit
Photo Credit - Chue Chue's Fb Acc
Photo Credit - Chue Chue's Fb Acc

“ ကိုယ်က မျက်ရည်ကျ ပြရမှာထက် ပရိတ်သတ်ကို မျက်ရည်ကျအောင် လုပ် နိုင်မှ သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်တာ “  ခေတ်အဆက်ဆက်အတွက် မှတ်သားထိုက်ပါတယ် ရှင် 

ကောင်းရာ ဘုံဘဝ ရောက်ပါစေ။ 

???.." ဆိုပြီး ခြူးလေးက ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

ခေတ်အဆက်ဆက် အနုပညာရှင်တွေအတွက် စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်ခဲ့တဲ့ ဘဘဦးညွှန့်ဝင်းရဲ့ မှတ်သားစရာစကားလေးကတော့ မျိုးဆက်သစ်လူငယ်တွေအတွက်လည်း အကျိုးပြုစေမှာ အသေအချာပါပဲ..။

Photo Credit
Photo Credit

သတင်း အရင်းအမြစ်Chue Chue's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T