အကြောင်းမဲ့ဖမ်းဆီးခံထားရပြီး ဆေးကုသခွင့်မရတာကြောင့် ဒုက္ခိတဘဝရောက်သွားခဲ့ရတဲ့ ပရဟိတမိခင်ကြီး ဒေါ်သန်းမြင့်အောင်

//s9.kh1.co/e7/e7e4d3875b3a11c652f66e0e4103827ce74661e0.png
နေ့စဉ်သတင်းများ

 ၀၁-လိုင်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

..

အာဏာစတင်သိမ်းယူခဲ့တဲ့ ဖေဖော်ဝါရီ (၁) ရက်နေ့ကတည်းက We Love Yangon အဖွဲ့မှာ ဥက္ကဌအဖြစ်ပါဝင်ခဲ့သလို ဆည်းဆာရိပ်ဘိုးဘွားရိပ်သာကိုလည်း တည်ထောင်ခဲ့တဲ့ ဆရာမကြီးဒေါ်သန်းမြင့်အောင်ကို အကြောင်းမဲ့ဖမ်းဆီးခဲ့ပြီး (၅၀၅) (က) ဖြင့် အမှုဖွင့်အရေးယူကာ အင်းစိန်အကျဉ်းထောင်ထဲမှတဆင့် အမှုရင်ဆိုင်စေခဲ့ပါတယ်။ စတင်ဖမ်းဆီးခံရတဲ့ နေ့ရက်ကနေ ယနေ့ဇူလိုင် (၁) ရက်နေ့ထိ လွတ်မြောက်မှုမရှိသေးဘဲ အကျဉ်းထောင်မှာရှိနေစဉ်အတွင်း ဆေးကုသမှုမခံယူရတာကြောင့် မျက်စိတစ်ဖက်လည်း ကွယ်သွားခဲ့ပြီး နားတစ်ဖက်လည်း မကြားရတော့ပါဘူး။ ဆရာမကြီးဟာ ဆီးချိုရောဂါရှိသူ ဖြစ်တာကြောင့် သွေးချိုအမြဲစစ်သလို ဆေးလည်းအမြဲသောက်နေရသူဖြစ်ပါတယ်။

Photo Credit - Rightful Owner
Photo Credit - Rightful Owner

ဆေးပြတ်လို့မရတဲ့သူကို အခုလိုမတရားချုပ်နှောင်ထားပြီး ဆေးကုသခွင့်မပေးတာဟာ လူသားချင်းစာနာမှုမရှိတဲ့လုပ်ရပ်တစ်ခုပါပဲ။ ပုံမှန်ဆေးသောက်ရင် အကောင်းတိုင်းဖြစ်နေတဲ့ သူဟာ သောက်နေကျဆေးတွေမသောက်ရတာကြောင့် အခုလို မဖြစ်သင့်တဲ့ ဝေဒနာတွေကို ခံစားရတာ တကယ်ကိုစိတ်မကောင်းစရာပါပဲ။ We Love Yangon အဖွဲ့မှာလည်း သူမကိုယ်တိုင် ဦးစီးပြီး တိုင်းကျိုးပြည်ပြုအလုပ်တွေကိုပဲ အားကျိုးမာန်တက်လုပ်ခဲ့သလို လူမမာတွေနဲ့ လူအိုတွေကိုလည်း မေတ္တာရှေ့ထားပြုစုကူညီခဲ့သူဖြစ်ပါတယ်။ အကူအညီလိုအပ်တဲ့ နေရာတိုင်းမှာလည်း စွမ်းစွမ်းတမံပါဝင်ကူညီပေးခဲ့သူပါ။

Photo Credit - Rightful Owner
Photo Credit - Rightful Owner

ဆရာမကြီးအနေနဲ့ အခုလိုမတရားချုပ်နှောင်ခံရခြင်းအပေါ်မှာ သူမရဲ့ခံစားချက်ကို " ဒီဘဝမှာ မကောင်းမှုကိုဘာမှမပြုခဲ့လို့ အခု, အားကိုးစရာဆို ဘာသာရေးနဲ့ သစ္စာတရားပဲရှိပါတယ် ရှေ့ဘဝကဝဋ်ကြွေးရှိရင်လဲကျေပါစေလို့, ဆုတောင်းနေရပါတယ်။ " ဆိုပြီး စာလေးရေးသား ခဲ့ပါတယ်။ ဒီစာဟာ ဆရာမကြီးရဲ့ရှေ့နေနဲ့ မိသားစုကို မှာတမ်းခြွေတဲ့ စာလေးလည်း ဖြစ်ပါတယ်။ ခံစားနေရတဲ့ ဝေဒနာတွေအမြန်ဆုံးသက်သာပြီး အချုပ်အနှောင်တွေက ကင်းလွတ်ပါစေလို့ ဆုတောင်းပေးပါတယ်။

Photo Credit - Rightful Owner
Photo Credit - Rightful Owner

သတင်း အရင်းအမြစ်Ashin Sanda Zawti's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T