ခံယူချက်တွေကိုသံကုန်ဟစ်ကြွေးပြီး အန္တရာယ်တွေကြားထဲကနေ ဘေးလွတ်ရာကိုအမြန်ပြေးကြတဲ့ မုံရွာသားတွေရဲ့ဗီဒီယို

//s9.kh1.co/d6/d6b90d8a979a9ed2865fa62084b7fe04a6ce33b6.png
နေ့စဉ်သတင်းများ

 ၀၁-လိုင်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

နေရာအနှံ့မှာဆန္ဒထုတ်ဖော်မှုတွေရှိလာတဲ့အလျောက် စစ်ကောင်စီဟာလည်း ထိန်းချုပ်နိုင်ဖို့ကို အရှိန်အဟုန်မြှင့်ပြီးကြိုးစားလာခဲ့ပါတယ်။ ဘယ်တော့မှသွေးမအေးသွားတဲ့ ပြည်သူတွေဟာ အမြို့မြို့အနယ်နယ်တိုင်းမှာ သပိတ်စစ်ကြောင်းတွေချီတက်ပြီး အာဏာရှင်ဆန့်ကျင်ကြောင်း နည်းမျိုးစုံနဲ့ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဒီတစ်ခေါက်မှာလည်း အစောင့်အကြပ်တွေနဲ့ ဖိနှိပ်မှုတွေ ကြားထဲမှာ မုံရွာလူထုသပိတ်ဟာ smoke bomb တွေကိုင်ပြီး ပြည်သူတစ်ရပ်လုံး ဖြစ်စေချင်တဲ့ ဆန္ဒတွေကို အသံကုန်ဟစ်ကြွေးခဲ့ကြပါတယ်။ ဟစ်ကြွေးမှုအပြီးမှာတော့ ဘေးလွတ်ရာကို ဆိုင်ကယ်ကိုယ်စီနဲ့ အမြန်ဆုံးတိမ်းရှောင်ခဲ့ကြပါတယ်။

Photo Credit - Than Kyaw Oo's FB Acc
Photo Credit - Than Kyaw Oo's FB Acc

တစ်ခါတစ်ရံမှာ ထွက်ပြေးတာဟာ ကြောက်ရွံ့လို့မဟုတ်ဘဲ ထိုးမယ့်ဆင်နောက်တစ်လှမ်းဆုတ် ဆိုသလို အရှိန်ယူတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ပြည်သူလူထုဟာ အကြောက်တရား စိုးမိုးနေတာမဟုတ်ဘဲ မခံချင်စိတ်နဲ့ ဒီမိုကရေစီအရယူချင်စိတ်သာရှိကြတာပါ။ ဘယ်လိုပဲ ဖိနှိပ်မှုတွေလုပ်နေပါစေ လက်မတွန့် နောက်မရွံ့ဘဲ အာဏာရှင်ကို ဖီဆန်နေဦးမှာပါ။ သက်ဖြတ်ဖမ်းဆီးခံနေရတဲ့ အပြစ်မဲ့ပြည်သူတွေကိုယ်စား ပြည်သူလူထုတစ်ရပ်လုံးဟာ ရပ်တည်ပေးနေဦးမှာပါ။ ပြည်သူတွေခတ္တခံစားခွင့်ရခဲ့တဲ့ ဒီမိုကရေစီရဲ့ အငွေ့အသက်တွေကို အားလုံးလိုလားတောင့်တနေကြပါတယ်။

Photo Credit - Than Kyaw Oo's FB Acc
Photo Credit - Than Kyaw Oo's FB Acc

သတ္တိမနည်းခဲ့တဲ့ မုံရွာသားတွေရဲ့ သပိတ်စစ်ကြောင်းဗီဒီယိုကို " မုံရွာ◾◾ video- အမြည်းလေး မြို့လယ် ကျောက္ကာလမ်း▪️ရန်ကင်းမီးပွိုင့် စကစဖိနှိပ်မှုကြားက ခနတာပျောက်ကြား သပိတ် " ဆိုပြီး ပြည်သူတစ်ဦး က ဝေမျှလာခဲ့ပါတယ်။ သတ္တိဆိုတာ အန္တရာယ်ကြားကို ဇွတ်တိုးဝင်လောက်တဲ့ မိုက်ရူးရဲဆန်မှုမဟုတ်ဘဲ မှန်ကန်တဲ့လုပ်ရပ်တွေကို ရဲရဲဝံ့ဝံ့လုပ်ဆောင်နိုင်တာကမှ သတ္တိအစစ်အမှန်ဖြစ်ကြောင်း ဒီဗီဒီယိုလေးက ပြသသွားခဲ့တာမို့ ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Than Kyaw Oo's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T