လျှို့ဝှက်သောနှင်း ဇာတ်ကားရိုက်ကူးခဲ့စဉ်က ဦးညွန့်ဝင်းနဲ့ ပတ်သက်ပြီး သတိရနေဆဲဖြစ်တဲ့ အမှတ်တရတစ်ခုအား ပြောပြလာတဲ့ စင်ရော်မောင်မောင်

//s9.kh1.co/29/29fe599e8ac9fb965ff3404a2c144f75dcc46bc9.jpeg
အနုပညာရှင်များ

 ၀၁-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီများရှင် ဦးညွန့်ဝင်းတစ်ယောက် ဒီနေ့မနက်တွင်ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။  ဦးညွန့်ဝင်းဟာ မြန်မာ့ရုပ်ရှင်လောကတွင် ပါရမီရှိပြီး ထူးချွန်လွန်းတဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ ဇာတ်ကားပေါင်းမြောက်များစွာကို နှစ်ပေါင်းများစွာ ရိုက်ကူးခဲ့ပြီး အကယ်ဒမီထူးချွန်ဆု (၇) ဆုကိုပါ ရရှိပိုင်ဆိုင်ထားတဲ့ ဂန္တဝင်အနုပညာရှင် တစ်ဦး ဖြစ်ပါတယ်။ သူကွယ်လွန်သွားတဲ့အတွက် ရုပ်ရှင်ချစ်ပရိသတ်တွေအားလုံးက  ယူကြုံးမရ ဝမ်းနည်းကြေကွဲနေကြတာ ဖြစ်ပါတယ်။

Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader

မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း ဒါရိုက်တာ စင်ရော်မောင်မောင်ရဲ့ လူမှုကွန်ယက်တွင် ဦးညွန့်ဝင်းနဲ့ပတ်သက်တဲ့ အမှတ်တရတစ်ချို့ကို စိတ်မကောင်းစွာဖြင့် ရေးသားပြောပြလာတာ ဖြစ်ပါတယ်။ ဦးညွန့်ဝင်းဟာ  သူရုပ်ရှင်အစည်းအရုံးတွင် အတွင်းရေးမှူးအဖြစ် တာဝန်ယူစဉ်က ဥက္ကဌကြီးအဖြစ် တာဝန်ယူလုပ်ကိုင်ခဲ့တဲ့ပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ဒါ့အပြင် လျှို့ဝှက်သောနှင်း ရုပ်ရှင်ဇာတ်ကားဖြင့် ရေခဲတောင်ထိပ်သို့ ခက်ခက်ခဲခဲအတူတူတက်ခဲ့ကြကြောင်းနဲ့ အလွန်ထူးချွန်လွန်းတဲ့ ပညာရှင်ကြီး ကွယ်လွန်သွားတဲ့အတွက် အထူးဝမ်းနည်းကြေကွဲရကြောင်းကိုလည်း အခုလို ရေးသားဝေမျှထားတာ ဖြစ်ပါတယ်။

Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader

" အထူးဝမ်းနည်းကြေကွဲရပါခြင်း

မြန်မာနိုင်ငံ​ရုပ်ရှင်အစည်းအရုံးတွင် ကျွန်တော်အတွင်းရေးမှူးအ​ဖြစ်​တာဝန်ယူစဥ်က ဥက္ကဌကြီးအဖြစ်တာဝန်ယူခဲ့သော ပညာရှင်ကြီးလည်းဖြစ်ပါသည်။ရေခဲတောင်ထိပ်သို့ လျှို့ဝှက်သောနှင်းဇာတ်ကားနှင့်အတူတူတက်ခဲ့ကြသော ပညာရှင်ကြီးလည်းဖြစ်ပါသည်။ ၎င်းဇာတ်ကားနှင့်အတူ  အကယ်ဒမီဆုကိုအတူတကွဆွတ်ခူးရယူ ခဲ့ ခြင်းကို အ မြဲ လွမ်း ဆွတ် ရ တော့ မည်။ မြန်မာ့ရုပ်ရှင်၏ အလွန်ထူးချွန်သော အကယ်ဒမီ ၇ဆု ရှင်ဝါရင့်သရုပ်ဆောင်ဒါရိုက်တာ တေးသံရှင်ကြီး ကို ဆုံးရှုံး ရခြင်း အတွက် အထူးဝမ်းနည်းကြေကွဲရပါသည်။

ရိုသေစွာကန်တော့ပန်းဆင်လျှက်  စင်ရော်မောင်မောင် " ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ဦးညွန့်ဝင်းဟာ ရွှေမန်းဇာတ်သဘင်ကိုတည်ထောင်ခဲ့တဲ့ အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်ရဲ့ သားအကြီးဆုံးဖြစ်ပြီး ထင်ရှားတဲ့ အနုပညာမျိုးရိုးကနေ ကြီးပြင်းလာသူတစ်ဦး ဖြစ်ပါတယ်။ အခုလို တန်ဖိုးရှိတဲ့ အနုပညာရှင်တစ်ဦး ကွယ်လွန်သွားတဲ့အတွက်မိသားစုနဲ့ ထပ်တူဝမ်းနည်းရပြီး ဘဘဦးညွန့်ဝင်းလည်း ကောင်းရာမွန်ရာဘုံဘဝသို့ ရောက်ရှိပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Zin Yaw Mg Mg’s Facebook Page and Original Uploader

Photo Crd-Zin Yaw Mg Mg’s Facebook Page 
Photo Crd-Zin Yaw Mg Mg’s Facebook Page 
Photo Crd-Zin Yaw Mg Mg’s Facebook Page 
Photo Crd-Zin Yaw Mg Mg’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T