မိခင်ရင်းလို လေးစားချစ်ခင်ရသူ မေဦးမောင် လွတ်မြောက်တဲ့သတင်းကြောင့် မျက်ရည်တွေ စီးကျလာတဲ့အထိ ဝမ်းသာခဲ့ရတဲ့ မေဦး

//s9.kh1.co/f0/f07ee953e592029cd0fa29b4c8302d2eeb563d28.jpeg
အနုပညာရှင်များ

 ၀၁-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ဖမ်းဆီးထိန်းသိမ်းခံထားသူများမှ လွတ်မြောက်သူများထဲတွင် သရုပ်ဆောင် မေတိုးခိုင်နဲ့ မိတ်ကပ်ဖန်တီးပညာရှင်မေဦးမောင်တို့လည်း ပါဝင်ခဲ့ကြပါတယ်။ ကျန်ရှိနေတဲ့ အနုပညာရှင်တွေလည်း အမြန်ဆုံး လွတ်မြောက်ဖို့ ပရိသတ်တွေက ဆုတောင်းမေတ္တာပို့သပေးနေကြတာလည်း ဖြစ်ပါတယ်။ မနေ့ညက မေဦးရဲ့ လူမှုကွန်ယက်တွင် သူ့ဘဝမှာမွေးတဲ့ အမေပြီးရင် ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ လေးစားချစ်ခင်ရတဲ့ အမေနှစ်ယောက်ရဲ့ အကြောင်းလေးရေးသားထားတာ ဖြစ်ပါတယ်။

Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 

ထိုလူနှစ်ယောက်ကတော့  နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ မိတ်ကပ်ဖန်တီးပညာရှင် မေဦးမောင်(တော်ဝင်သူ) တို့ပဲ ဖြစ်ကြပါတယ်။ မနေ့က အကျဉ်းထောင်ထဲကနေ လွတ်မြောက်သွားတဲ့ မေဦးမောင်ရဲ့သတင်းကို ကြားပြီး မေဦးတစ်ယောက် ဝမ်းသာမျက်ရည်ကျတဲ့အထိ ဝမ်းသာပျော်ရွှင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူချစ်ရတဲ့ အချို့သူတွေ မလွတ်မြောက်သေးတာကို သိရတဲ့အတွက် ဝမ်းနည်းနေတဲ့အကြောင်းနဲ့ ဒီလိုအချိန်ကာလတွေ အမြန်ဆုံးကုန်လွန်ပါစေလို့လည်း ဆုတောင်းပေးနေတာ ဖြစ်ပါတယ်။

Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 

" အမေလွတ်လို့ဝမ်းသာပြီး ငိုရတယ်။ ထောင်ဝကလူအုပ်ကြီးကိုကြည့်ပြီးငိုရတယ်။ ချစ်ရတဲ့သူတွေမလွတ်တာသိလို့ငိုရပြန်တယ် နောက်ဆုံးကိုယ်စွန့်ခွာခဲ့ရတဲ့နေရာလေးကို လွမ်းပြီးပို၍ငိုရတယ် ဝမ်းသာလို့လည်းငိုရတယ် ?ဝမ်းနည်းလို့လည်းငိုရတဲ့?အချိန်အမြန်ကုန်ဆုံးပါစေ??" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပြည်သူတွေကလည်း မေဦးရဲ့ခံစားချက်တွေနဲ့ ထပ်တူတိုက်ဆိုင်နေကြောင်းနဲ့ အဆုံးထိတိုက်ပွဲဝင်မယ့်အကြောင်းကိုလည်းcomment များတွင် ရေးသားထားတာကို မြင်တွေ့ရပါတယ်။ ရောင်နီလာမယ့် နေ့သစ်တွေ မကြာခင်ရောက်လာတော့မှာမို့ အားမလျော့ဘဲ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ဆက်လက်ပါဝင်ပေးကြပါဦးလို့ ပြောကြားရင်း ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-May Oo’s Facebook Account 

Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T