အမြဲအမှတ်တရဖြစ်အောင် တစ်ခန်းလုံးနီးပါး ရေမွန်ရဲ့ ပုံလေးတွေနဲ့ ပြုလုပ်ထားတဲ့ တောင်ကြီးမြို့က ဆိုင်တစ်ဆိုင်

//s9.kh1.co/26/26854972d7368af67585c4d7d0fc494fc4ddd333.jpg
အနုပညာရှင်များ

 ၀၁-လိုင်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ရုတ်တရက် နှုတ်ဆက်သွားခဲ့တဲ့ အဆိုတော် ရေမွန်ကိုတော့ ချစ်တဲ့သူတွေက အမြဲသတိရစေဖို့အတွက် အမှတ်တရလေးတွေ ပြုလုပ်ပေးခဲ့ပါတယ်။ ဒီလိုလုပ်ပေးခဲ့တဲ့ အမှတ်တရတွေမှာ သူ့ရဲ့ အရိုးပြာအချို့နဲ့ နောက်ဆုံးခေါင်းချခဲ့တဲ့ လွတ်မြောက်နယ်မြေမှာ သစ်ပင်လေးတွေလည်းအမှတ်တရစိုက်ပျိုးထားခဲ့သလို ချစ်တဲ့ပရိသတ်တချို့က ပုံတူရုပ်ပုံလေးတွေနဲ့ သီချင်းတွေကို သေရာပါအောင် ခန္ဓာကိုယ်ပေါ်မှာ ရေးထိုးကြတာကိုလည်း တွေ့မြင်ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ယခုတစ်ခါမှာလည်း တောင်ကြီးမြို့က ဆိုင်တစ်ဆိုင်မှာ အမှတ်တရအနေဖြင့် ရေမွန်ရဲ့ပုံရိပ်တွေနဲ့ အခန်းလေးကိုပြုလုပ်ထားတယ်လို့ သိရပါတယ်။ဒီအခန်းလေးကတော့ ရေမွန်ကို လွမ်းဆွတ်ခြင်းအားဖြင့် ဆိုင်ကိုလာရောက်တဲ့ လူငယ်လေးတွေ နဲ့ ချစ်တဲ့ Fanတွေအတွက် ရည်ရွယ်ပြီး အမြဲသတိတရ အမှတ်ရစရာနေရာလေးတစ်ခုအဖြစ်ထားထားခြင်း ဖြစ်တယ်လို့သိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဒါ့အပြင် Idiots Raymond Room လုပ်ထားတဲ့ ဒီအခန်းဟာ Customer table မထားဘူးလို့လည်း သိရပါတယ်။ ရေမွန်ကို ချစ်တဲ့လူငယ်တွေကတော့ ဒီဆိုင်လေးမှာ လာထိုင်ပြီး အမှတ်တရ ဓာတ်ပုံလေးတွေ ရိုက်ကူးကြတယ်လို့ သိရပါတယ်။ ကဲ..ပရိသတ်တွေလည်း တောင်ကြီးမြို့ကို သွားရောက်ခဲ့ဖြစ်ရင် Raymond Room လေးကို သတိတရသွားလို့ရအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T