အန္တရာယ်တွေကြားထဲမှာ ကိုယ့်အသက်တောင်မငဲ့ဘဲ ကျေးရွာလေးတွေထိ ခြေလျင်လျောက်ကာ ဆေးကုသပေးခဲ့တဲ့ Clean Yangon အဖွဲ့ဝင်တွေ

//s9.kh1.co/22/22cb277594d6195ea51dc636b1fb592cb84b3dcd.png
နေ့စဉ်သတင်းများ

 ၀၁-လိုင်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

..

ရန်ကုန်မြို့က နောက်ဖေးလမ်းကြားတွေထဲမှာ မသန့်ရှင်းတဲ့အညစ်အကြေးနဲ့ အမှိုက်တွေကို သန့်ရှင်းပေးရင်း ပြည်သူတွေရဲ့ချစ်ခြင်းမေတ္တာကိုရလာခဲ့တဲ့ Clean Yangon ပရဟိတအဖွဲ့ဟာ အကူအညီလိုအပ်နေတဲ့ဒေသတွေဆီကိုသွားရောက်ပြီး ဆေးကုသမှုတွေလုပ်ပေးနေခဲ့ပါပြီ။ ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးတဲ့ ဒေသတွေမှာ ကျန်းမာရေးဗဟုသုတမရှိကြတာကြောင့် မသေသင့်ဘဲ သေဆုံးခဲ့ရတဲ့ သနားစရာပြည်သူတွေအတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ကျန်းမာရေးအသိပညာတွေဖြန့်ဝေဖို့အတွက် အခုလို အပင်ပန်းခံကာ သွားရောက်ကူညီနေခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit - Clean Yangon's FB Acc
Photo Credit - Clean Yangon's FB Acc
Photo Credit - Clean Yangon's FB Acc
Photo Credit - Clean Yangon's FB Acc

တစ်ချို့ဒေသတွေဟာ ကားနဲ့သွားလို့အဆင်မပြေနိုင်တာကြောင့် အဖွဲ့သားတွေဟာ ကိုယ့်အထုပ်ကိုယ် ထမ်းပြီး ပင်ပန်းတဲ့ခရီးကို ပျော်ပျော်ပဲ ခြေလျင်လျောက်ပြီး ဆက်လက်ကူညီပေးနေဆဲပါပဲ။ ပရဟိတအလုပ်ဆိုတာ ကိုယ်ကျိုးစွန့်ရတာများတာမို့ တကယ်စိတ်နှစ်ပြီး အများအကျိုးဆောင်ရွက်နိုင်သူ တွေသာ လုပ်နိုင်တာမျိုးပါ။ Clean Yangon အဖွဲ့သားတွေရဲ့ စိတ်ဓာတ်ကတော့ လေးစားစရာ ကောင်းလောက်အောင်ကို ကြံ့ခိုင်ပြီး ကူညီချင်တဲ့စိတ်ထားလည်းအပြည့်အဝတွေ့ရပါတယ်။ ဒီလိုအဖက်ဖက်က အန္တရာယ်များတဲ့ အခြေအနေတွေမှာတောင် အဖွဲ့သားတွေဟာ ပရဟိတစိတ်အပြည့်နဲ့ ကူညီပေးနေဆဲပါပဲ။

Photo Credit - Clean Yangon's FB Acc
Photo Credit - Clean Yangon's FB Acc

အဖွဲ့သားတွေကြိုးကြိုးစားစားချီတက်နေတဲ့ပုံရိပ်တွေကို " ရည်ရွယ်ရာကိုရောက်ရှိဖို့အတွက် တက်မရှိရင် လက်နဲ့လှော်သလိုပါပဲ ကားနဲ့ခရီးဆက်လို့မရတဲ့အခါ ခြေလျင်လျှောက်တာပေါ့ ကျနော်တို့ရဲ့ ဆေးကုသအဖွဲ့ဟာ တစ်ရွာပြီးနောက်တစ်ရွာသို့ ခြေလျင်ခရီးဆက်ခဲ့ကြပါတယ်။ "မြေပုံထဲမှာတော့ တောင်ပေါ်နဲ့မြေပြန့်ပဲ သမိုင်းထဲမှာတော့ တစ်သားတည်းထွင်းမှာမို့ စည်းလုံးခြင်းတွေ တံတိုင်းထူလိုက်ပြီ " ဆိုပြီး Clean Yangon ရဲ့ လူမှုကွန်ယက်မှာ ဝေမျှခဲ့ပါတယ်။ သွားတဲ့ခရီးတိုင်းမှာ ခလုတ်မထိ ဆူးမညိပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။

Photo Credit - Clean Yangon's FB Acc
Photo Credit - Clean Yangon's FB Acc
Photo Credit - Clean Yangon's FB Acc
Photo Credit - Clean Yangon's FB Acc

သတင်း အရင်းအမြစ်Clean Yangon's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T