ချစ်တဲ့သူတွေပြန်လွတ်လာဖို့ နေပူမိုးရွာထဲမှာ လာရောက်စောင့်ဆိုင်းနေကြတဲ့ မိဘဆွေမျိုးတွေကိုကြည့်ပြီး စိတ်မကောင်းစွာ ပြောလာခဲ့တဲ့ မင်းမော်ကွန်း

//s9.kh1.co/e3/e305ab9c553b734501abb6202defa0fe3bb4db8c.jpg
အနုပညာရှင်များ

 ၃၀-ဇွန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေမှာ ပါဝင်ရင်း အာဏာရှင်တွေရဲ့ ပစ်ခတ်၊ဖမ်းဆီးမှုတွေကြောင့် ယနေ့အချိန်ထိ သေဆုံးသူ(၈၈၀)ကျော်အထိရှိလာခဲ့သလို မတရားဖမ်းဆီးခံရသူ (၅၀၀၀) နီးပါးနဲ့ ပုဒ်မ(၅၀၅-က)ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသူ (၂၀၀၀) နီးပါးလောက်ရှိပြီလို့ သိရပါတယ်။ ဒီလိုဖမ်းဆီးခံထားရတဲ့ သူတွေထဲမှာ ကျောင်းသားတွေနဲ့ အနုပညာရှင်တွေလည်းပါဝင်ခဲ့ပါတယ်။

Photo Credit- Kyaw Kyaw Htay Lwin fb account
Photo Credit- Kyaw Kyaw Htay Lwin fb account
Photo Credit- Kyaw Kyaw Htay Lwin fb account
Photo Credit- Kyaw Kyaw Htay Lwin fb account

ယနေ့ ဇွန်လ(၃၀) ရက်နေ့မှာတော့ အဆိုပါ မတရားဖမ်းဆီးခံရသူ နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လည်လွှတ်ပေးမည်ဆိုတဲ့သတင်းကြောင့် ဖမ်းဆီးခံရသူတွေရဲ့ မိဘဆွေမျိုးတွေက ရန်ကုန်မြို့က အင်းစိန်ထောင်ရှေ့မှာ မနက် (၇)နာရီလောက်ကတည်းက လာရောက်စောင့်ဆိုင်းနေကြတာတွေ့ရပါတယ်။ ထောင်ရှေ့မှာ သောင်းနဲ့ချီတဲ့ မိဘဆွေမျိုးတွေက နေပူမိုးရွားနေတဲ့ကြားကနေ မျှော်လင့်ချက်ကြီးစွာနဲ့လာ ရောက်စောင့်ဆိုင်းနေကြတဲ့ စိတ်မကောင်းစရာပုံရိပ်တွေကလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

Photo Credit- Original Upload
Photo Credit- Original Upload
Photo Credit- Original Upload
Photo Credit- Original Upload

ဒီလို မျှော်လင့်ချက်ကြီးစွာနဲ့ လာရောက်စောင့်ဆိုင်းနေကြတဲ့ မိဘဆွေမျိုးတွေကိုကြည့်ပြီး ပြည်သူတွေကလည်း စိတ်မကောင်းဖြစ်မိသလို သရုပ်ဆောင် မင်းမော်ကွန်းကလည်း သူ့ရဲ့ လူမှုကွန်ယက်မှာ ခံစားချက်တွေကို ရေးသားဖော်ပြလာခဲ့တာ တွေ့ရပါတယ်။ သူ့ရဲ့ရေးသားချက်တွေမှာတော့ "ဘယ်သူလွတ်မလဲမ​သေချာတာ​တောင်​မနက် ၇နာရီထဲက​နေ ပူပူမိုးရွာရွာ မျော်လင့်တကြီးလာ​စောင့်ကြရှာတယ်

ကိုယ့်သားသမီးပါမလား

ကိုယ့်​မြေး​လေးများပါမလား

ကိုယ့်ခင်ပွန်းသည်ပါလာမလား

ကိုယ့်ညီအကို​မောင်နှမ​တွေ

ပါ​ကောင်းပါမလားရယ်နဲ့

ကိုဗစ်ကာလကြီးမှာ​တောင်

ပါမယ်မပါဘူးမ​သေချာတာ​တောင်

မနက်ထဲကခုထိမလွှတ်​သေးတာ​တောင်

​ဇွဲနဲ့​စောင့်​မျော်​နေကြသူများအားလုံး

​မျော်လင့်ထားတဲ့အတိုင်း

ကိုယ်ချစ်တဲ့သူများ

ပြန်လွတ်​မြောက်ကျပါ​စေခင်မျာ

အာဏာရှင်လက်​အောက်က

အပြီးလွတ်​မြောက်ခြင်းမဟုတ်တာ​တောင်

ကိုယ့်မျက်စိ​အောက်ပြန်ရောက်လာရင်ပဲ

စိတ်ပူတာ​တွေအနည်းငယ်​တော့သက်သာရမှာပါ

တကယ်ကိုယ်ချင်းစာနာပါတယ်

​စောင့်​မျော်​နေသူများအားလုံးရဲ့

အပူ​တွေသက်သာကြပါ​စေခင်မျာ"ဆိုပြီး ရေးသားထားခဲ့ပါတယ်။ ပရိသတ်ကြီးလည်း ထောင်အရှေ့မှာ မျှော်လင့်ချက်ကြီးစွာ စောင့်ဆိုင်းနေကြတဲ့ မိဘဆွေမျိုးတွေရဲ့ ပုံရိပ်လေးတွေကြည့်ပြီး စိတ်မကောင်းဖြစ်မိမယ်လို့ ထင်ပါတယ်။

Photo Credit- Original Upload
Photo Credit- Original Upload
Photo Credit- Original Upload
Photo Credit- Original Upload

သတင်း အရင်းအမြစ်Source - Kyaw Kyaw Htay Lwin fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T