ခုလို ခက်ခက်ခဲခဲ ကာလတွေမှာ လိုအပ်တဲ့ နေရာတွေအတွက် မွန်မြတ်သော အလှူလေးတစ်ခု ပြုခဲ့တဲ့ ခင်သဇင်

//s9.kh1.co/00/00122cdb5ec15162ba10b819e1dc8149aca4de4b.jpeg
အနုပညာရှင်များ

 ၃၀-ဇွန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.....

ခင်သဇင်ကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်ယောက် ဖြစ်ပြီး ဇာတ်လမ်းတွဲတွေ များစွာကိုလည်း ရိုက်ကူးထားသူ ဖြစ်ပါတယ်။ဖေဖော်ဝါရီလက စတင်ပြီး နိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ဆိုရင်လည်း ခင်သဇင်က ပြည်သူတွေဘက်ကနေ ရပ်တည်ပေးကာ သူမ တတ်နိုင်သလောက် ပါဝင်လှုပ်ရှားနေတာ ဖြစ်ပါတယ်။

Photo Credit : Khin Thazin Facebook Account
Photo Credit : Khin Thazin Facebook Account
Photo Credit : Khin Thazin Facebook Account
Photo Credit : Khin Thazin Facebook Account

ဒါ့အပြင် ခင်သဇင်က ပရိသတ်တွေအတွက် ခွန်အားဖြစ်စေမယ့် စာလေးတွေကိုလည်း မကြာခဏ ရေးတင်လေ့ရှိသူ တစ်ယောက်ဖြစ်ပြီး သူမရဲ့ရပ်တည်ချက်ကိုလည်း ပွင့်လင်းစွာ ပြောလေ့ရှိသူလည်းဖြစ်ပါတယ်။ ဒီလိုကာလတွေမှာလည်း သူမ ကြိုးစားရှာဖွေထားတဲ့ ချွေးနှဲစာနဲ့ လှူဒါန်းမှုတွေ ပြုလုပ်နေသူ တစ်ယောက်ပါ  ။ မကြာခင်ရက်ပိုင်းကလည်း သူမရဲ့ အဝတ်အထည်တွေကို စစ်ဘေးရှောင်ပြည်သူတွေအတွက် လှူဒါန်းခဲ့ပါသေးတယ် ။

Photo Credit : Khin Thazin Facebook Account
Photo Credit : Khin Thazin Facebook Account

အခုလည်း အရာရာခက်ခဲနေတဲ့ အခြေအနေတွေမှာ စားနပ်ရိက္ခာ လိုအပ်နေတဲ့ နေရာတွေကို စားသောက်ကုန်များ လှူဒါန်းဖြစ်ခဲ့ကြောင်း ဖော်ပြထားပါတယ် ။  ချို့တဲ့ လိုအပ်နေသူတွေကို နည်းသည် များသည် ဖြစ်စေ အဓိက မထားဘဲ စေတနာ ၊ မေတ္တာ အပြည့်နဲ့ လှူဒါန်းခြင်း ကလည်း မွန်မြတ်လွန်းလှပါတယ်နော် ။ ပရိသတ်ကြီး အတွက် အလှူပုံရိပ်တွေကို ပြန်လည်ဝေမျှပေးရင်း ခင်သဇင်လည်း ဒီထက်မက လှူဒါန်းနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Source & Photo Credit : Khin Thazin Facebook Account
Source & Photo Credit : Khin Thazin Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T