တောထဲတောင်ထဲမှာ ခက်ခက်ခဲခဲရိက္ခာသွားသယ်ကြရင်း မမောနိုင်မပန်းနိုင်နဲ့ပျော်ရွှင်နေကြတဲ့ဟားငါးကောင်အဖွဲ့

//s9.kh1.co/99/998e534ace980b6ab903498dfbe7b63994c81ea3.jpg
အနုပညာရှင်များ

 ၃၀-ဇွန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေနိုင်ပြီး လူငယ်လေးတွေနဲ့ဖွဲ့စည်းထားတဲ့ လူရွှင်တော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဟား(၅)ကောင်ကိုသိကြမယ်ထင်ပါတယ်။ ဟား(၅)ကောင်အဖွဲ့ဟာ အမြဲလိုလိုပြောင်မြောက်ထိမိလှတဲ့ဟာသပြက်လုံးတွေနဲ့ ပရိသတ်တွေရဲ့အားပေးမှုကို အပြည့်အ၀ရရှိထားသလို ဖေဖော်ဝါရီလအစပိုင်းတည်းကတိုင် အာဏာရှင်ဆန့်ကျင်ရေးမှာ ပြည်သူနဲ့အတူတစ်သားတည်းရပ်တည်ခဲ့တဲ့ လူရွှင်တော်တွေလည်းဖြစ်ပြီး အခုဆိုရင်လည်း လွတ်မြောက်နယ်မြေမှာ စစ်သင်တန်းတက်ရောက်နေပြီလည်းဖြစ်ပါတယ်။

Photo credit-​ Taingkyaw's Facebook acc
Photo credit-​ Taingkyaw's Facebook acc
Photo credit-​ Taingkyaw's Facebook acc
Photo credit-​ Taingkyaw's Facebook acc

ဟားငါးကောင်အဖွဲ့က အနုပညာအလုပ်တွေလုပ်စဥ်တုန်းကလည်း တက်ညီလက်ညီရှိကြသလို အခုလိုအချိန်မှာလည်း ညီအစ်ကိုရင်းတွေပမာစည်းလုံးညီညွတ်နေကြတာလည်းဖြစ်ပါတယ်။ ဟားငါးကောင်အဖွဲ့က သူတို့ရဲ့ရပ်တည်ချက်အတိုင်းရဲရဲဝံ့ဝံ့လျှောက်လှမ်းနေကြတဲ့ လူငယ်လေးတွေဖြစ်ပြီး တောထဲမှာပင်ပန်းဆင်းရဲစွာနဲ့ စစ်ပညာသင်ယူနေကြရင်း မကြာခဏဆိုသလိုလည်း သူတို့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ လှုပ်ရှားမှုပုံရိပ်တွေနဲ့ ထင်မြင်ချက်တွေကို ပရိသတ်တွေအတွက် မျှဝေပေးလေ့ရှိတဲ့သူတွေပါ။

Photo credit-​ Taingkyaw's Facebook acc
Photo credit-​ Taingkyaw's Facebook acc
Photo credit-​ Taingkyaw's Facebook acc
Photo credit-​ Taingkyaw's Facebook acc

ယမန်နေ့ကလည်း လူရွှင်တော်တိုင်းကျော်ကသူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ သူတို့အဖွဲ့ရဲ့ဖုန်းတွေသိမ်းကာဖမ်းဆီးထားတယ်ဆိုတဲ့သတင်းနဲ့ပက်သက်ပြီး ပြတ်ပြတ်သားသားပြန်လည်ချေပထားတာကိုတွေ့ရပါတယ်။ ယနေ့မှာဆိုရင်လည်း တိုင်းကျော်ကသူ့ရဲ့ Facebookစာမျက်နှာလေးမှာ " ရိက္ခာသယ်လည်း ရိုက်မှာပဲ (မှတ်ချက်)ဖုန်းနဲ့ရိုက်ထားသည်...." ဆိုပြီး တောတောင်ထဲမှာရိက္ခာသယ်နေတဲ့ ပုံလေးတွေတင်ထားခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-​ Taingkyaw's Facebook acc
Photo credit-​ Taingkyaw's Facebook acc
Photo credit-​ Taingkyaw's Facebook acc
Photo credit-​ Taingkyaw's Facebook acc

သတင်း အရင်းအမြစ်Taingkyaw's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T