ယနေ့မှာပြန်လွတ်လာတဲ့ အကျဥ်းသားတွေကို မိသားစုဝင်တွေက ဝမ်းသာအားရနဲ့ပြေးပြီး ပွေ့မဖက်သင့်တဲ့ အကြောင်းအရင်းကို ပြောပြလိုက်တဲ့ခေးဆက်သွင်

//s9.kh1.co/70/7043e51c685b4c6c4ca488f230b65588bc30a722.jpg
အနုပညာရှင်များ

 ၃၀-ဇွန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

ယနေ့မှာပြန်လွတ်လာတဲ့ အကျဥ်းသားတွေကို မိသားစုဝင်တွေက ဝမ်းသာအားရနဲ့ပြေးပြီး ပွေ့မဖက်သင့်တဲ့ အကြောင်းအရင်းကို ပြောပြလိုက်တဲ့ခေးဆက်သွင်

ယနေ့ဇွန်လ(၃၀)ရက်နေ့မှာတော့ မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ အကျဥ်းထောင်တွေက အကျဥ်းသား(၂၀၀၀)ကျော်ခန့်လွှတ်ပေးမယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ယက်စာမျက်နှာထက်မှာ ထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါသတင်းတွေကြောင့် ပြည်သူတွေဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သူတို့ရဲ့မိသားစုဝင်တွေ ပြန်လွတ်တဲ့အထဲပါမလားဆိုပြီး အကျဥ်းထောင်တွေရှေ့သွားရောက်စောင့်ဆိုင်းနေကြပါတယ်။ သရုပ်ဆောင်ခေးဆက်သွင်ကတော့ အကျဥ်းထောင်တွေရှေ့ သွားကြိုတဲ့ ပြည်သူတွေကို သတိပေးမှုတစ်ခုပြုလုပ်လာခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

 ခေးဆက်သွင်တစ်ယောက်ကတော့ ယနေ့မှာပြန်လွတ်လာမယ့် အကျဥ်းသားတွေကို မိသားစုဝင်တွေက ဝမ်းသာအားရနဲ့ပြေးမဖက်သင့်တဲ့အကြောင်းအရင်းမှန်ကို ပြောပြလာခဲ့ပါတယ်။ အကျဥ်းထောင်ထဲမှာ ကိုဗစ်ကူးစက်မှုတွေရှိနေတာကြောင့် ပြန်လွတ်လာသူတွေနဲ့ လက်ဆွဲနှုတ်ဆက်တာတွေ၊ပွေ့ဖက်တာတွေမလုပ်ဖို့နဲ့ ပြန်လွတ်လာသူတွေရဲ့ အဝတ်အစားတွေကို ချက်ချင်းရေစိမ်ပြီး လျှော်ပစ်ဖို့ သူမက တိုက်တွန်းထားတာဖြစ်ပါတယ်။ သူမကတော့ အကျဥ်းထောင်တွေရှေ့ သွားကြိုမယ့်မိသားစုဝင်တွေကိုလည်း Maskတပ်ကြဖို့နဲ့ Hand Gelတွေဆောင်သွားကြဖို့ တိုက်တွန်းပြောဆိုထားခဲ့တာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
photo credit: khay sett thwin' s facebook acc
photo credit: khay sett thwin' s facebook acc

ခေးဆက်သွင်ကတော့ " ဒီနေ့ ဖမ်းဆီးခံထားရသူ (၂၃၄၁)ဦး လွတ်ပါမယ်တဲ့ သတိပေးချင်တာကကိုယ့်အိမ်သား ကိုယ့်သားကိုယ့်အဖေကိုယ့်သူငယ်ချင်းကိုယ့်ချစ်သူမို့.. တွေ့တာနဲ့ ပြေးပြီး ပွေ့တာ ဖက်တာ၊ လက်တွေဆွဲတာတွေ အတတ်နိုင်ဆုံးမလုပ်ကြဖို့ပါ။ကိုဘစ် ထောင်ထဲမှာ တော်တော်ဖြစ်နေပါတယ်။သတိချပ်ပါ။အိမ်ပြန်ရောက်တာနဲ့ ရေချိုးခေါင်းလျော် ဆပ်ပြာနိုင်နိုင်တိုက်ပါ။ထောင်ထဲက ပြန်ပါလာတဲ့အဝတ်အစား အကုန် ဆပ်ပြာနဲ့စိမ်ပါ။ ဆေးမကြောက်တဲ့ ငဘစ်ဟာ ဆပ်ပြာနဲ့ အရက်ပျံကြောက်ပါတယ်။ဖြစ်နိုင်ရင် တစ်ခန်းသီးသန့် ၂ပတ်ခန့်Qနေပေးပါ။ ဒီထိန်းသိမ်းခံလူတွေဟာလည်း ပြည်တော်ပြန်တွေလိုကိုဘစ်ပါလာနိုင်ပါတယ်။ပြည်တော်ပြန်တွေ Q သလို အိမ်မှာ သီးသန့် ၂ပတ်နေခြင်းဖြင့် ကိုယ့်မိသားစုကို စောင့်ရှောက်ကြပါနော်အခန်းသီးသန့်မရှိသူများအနေနဲ့လည်း အနည်းဆုံးဆပ်ပြာနိုင်နိုင်နဲ့ ရေချိုးခေါင်းလျော် အဝတ်တွေစိမ်တာတော့ လုပ်နိုင်ကြမှာပါသူတို့ ထွက်လာတာနဲ့ အနည်းဆုံး hand gel ဒါနပြုသလို သူတို့လက်ထဲဖြန်းပေးပြီးမှ လက်ကိုင်ကြပါနော်။Mask တွေကိုယ်တိုင်လဲ သေချာတပ် သူများတွေဝေငှဖို့လဲ ယူသွားကြပါ "ဆိုပြီး ရေးသားထားခဲ့ပါတယ်။

Source : khay sett thwin' s facebook acc

photo credit: khay sett thwin' s facebook acc
photo credit: khay sett thwin' s facebook acc
photo credit: khay sett thwin' s facebook acc
photo credit: khay sett thwin' s facebook acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T