တကယ့် မိသားစုဝင်တွေဆီမှ တိကျတဲ့ သတင်းတွေမဟုတ်ဘဲ လူမှုကွန်ယက်ပေါ်တွင် ကောလာဟလများ မဖြန့်ကြဖို့ တောင်းဆိုလိုက်တဲ့ ဆောင်းယွန်းစံ

//s9.kh1.co/03/03a542dec9ffd068470f1d2d4f186fe4676e4884.jpeg
အနုပညာရှင်များ

 ၃၀-ဇွန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးခံထားရသူများထဲမှ အယောက် (၂၀၀၀) ကျော်ကို ဒီနေ့တွင် လွှတ်ပေးမယ်လို့ ကနဦးသတင်းများအရ သိရှိရပါတယ်။ ဒီထဲတွင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အနုပညာရှင်တွေလည်း ပါဝင်ပါစေလို့ ပြည်သူများနဲ့ သူတို့ရဲ့ မိသားစုဝင်များမှ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။  ဒါ့အပြင်  လူမှုကွန်ယက်များတွင်လည်း အနုပညာရှင်တစ်ချို့ လွတ်မြောက်လာပြီဖြစ်ကြောင်း သတင်းတွေ ပျံ့နှံ့နေတာ ဖြစ်ပါတယ်။

Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader

မကြာသေးခင် နာရီပိုင်းလောက်က သရုပ်ဆောင် ဆောင်းယွန်းစံရဲ့ Facebook အကောင့်တွင် သတင်းလေးတစ်ခုဝေမျှထားတာ ဖြစ်ပါတယ်။ ဒါကတော့ တကယ့် မိသားစုဝင်တွေဆီမှ တိကျတဲ့ သတင်းတွေမဟုတ်ဘဲ လူမှုကွန်ယက်ပေါ်တွင် ကောလာဟလများ မဖြန့်ကြဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ သူမကလည်း " တကယ့် မိသားစုဝင်တွေဆီက တိကျတဲ့သတင်းမဟုတ်ရင် မတင်ပါနဲ့လားဟင်..?ကိုယ်ချစ်တဲ့ အနုပညာရှင်ကို တကယ်ချစ်တယ်ဆိုရင်ပေါ့.. fake news လေးတွေ မတင်ပါနဲ့နော်." ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Photo Crd-Saung Yoon San’s Facebook Account 
Photo Crd-Saung Yoon San’s Facebook Account 
Photo Crd-Saung Yoon San’s Facebook Account 
Photo Crd-Saung Yoon San’s Facebook Account 

ဖမ်းဆီးထားသူတစ်ချို့ကို ဒီနေ့ပြန်လွှတ်ပေးမယ်ဆိုတဲ့ သတင်းကြောင့် သူတို့ရဲ့မိသားစုဝင်များဟာ အကျဉ်းထောင်များရှေ့တွင်  ကိုဗစ်ရောဂါများ ကူးစက်ပြန့်ပွားနေတဲ့ကြားက မျှော်လင့်စောင့်ဆိုင်းနေကြတာကို မြင်တွေ့ရပါတယ်။ ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင်ထဲမှာလည်း  ဖြည်းဖြည်းချင်းစီ ပြန်လွှတ်ပေးနေတယ်လို့လည်းကနဦးသတင်းများအရ သိရှိရပါတယ်။ ပရိသတ်တွေလည်း လူမှုကွန်ယက်များပေါ်တွင် သတင်းအမှားများကို မဖြန့်ဝေကြဘဲ တကယ်တိကျတဲ့သတင်းများ သိရှိမှသာ ပြန်လည်မျှဝေသင့်ကြောင်း ပြောကြားရင်း ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Saung Yoon San’s Facebook Account and Original Uploader

Photo Crd-Saung Yoon San’s Facebook Account 
Photo Crd-Saung Yoon San’s Facebook Account 
Photo Crd-Saung Yoon San’s Facebook Account 
Photo Crd-Saung Yoon San’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T