ဖမ်းဆီးထိန်းသိမ်းခံထားရသူများ ပြန်လွတ်မယ်ဆိုတဲ့သတင်းကို အကယ်ဒမီပေးပွဲထက် ပိုပြီးရင်ခုန်စိတ်လှုပ်ရှားနေကြောင်း ဖွင့်ဟလာတဲ့ နှိုင်းရှင်မြင့်မိုရ်

//s9.kh1.co/ed/edbad59bd7c9a541a8c962c32840c4679c67fea1.jpeg
အနုပညာရှင်များ

 ၃၀-ဇွန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ဒီနေ့မှာတော့ အားလုံးအတွက် ဝမ်းသာစရာသတင်းလေးတစ်ခုရှိနေပါတယ်။  ဒါကတော့ ဆန္ဒပြပွဲတွေမှာ ဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲမှ အယောက် (၂၀၀၀)ကျော်ကို အကျဉ်းထောင် အသီးသီးကနေ ဒီနေ့မှာ ပြန်လွှတ်ပေးတော့မယ်လို့ ကနဦးသတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ မနက်ကတည်းက အကျဉ်းထောင်တွေရဲ့ အရှေ့တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေရဲ့ မိသားစုဝင်များက မျှော်လင့်တကြီး စောင့်ဆိုင်းနေကြတာ ဖြစ်ပါတယ်။

Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 

ပြန်လွှတ်ပေးမယ့်အထဲတွင် အနုပညာရှင်များပါဝင် ပါစေလို့လည်း ပြည်သူတွေများက ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။ အနုပညာအသိုင်းဝိုင်းမှ ညီအစ်ကိုမောင်နှမတွေကလည်း  အကျဉ်းထောင်ထဲမှာ ရောက်ရှိနေကြတဲ့သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေများ ပြန်လည်လွတ်မြောက်လာဖို့အတွက် ရင်ခုန်စိတ်လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သရုပ်ဆောင် နှိုင်းရှင်မြင့်မိုရ်ရဲ့ လူမှုကွန်ယက်တွင် ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သူမရဲ့ ခံစားချက်လေးကို ရေးသားထားတာ ဖြစ်ပါတယ်။

Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 

ဒါကတော့ ဖမ်းဆီးထိန်းသိမ်းခံထားရသူများ ပြန်လွတ်မယ်ဆိုတဲ့သတင်းကို အကယ်ဒမီပေးပွဲထက် ပိုပြီးရင်ခုန်စိတ်လှုပ်ရှားနေကြောင်း ပြောပြထားတာ ဖြစ်ပါတယ်။ သူမကလည်း " အကယ်ဒမီ ပေးတာတောင် ဒီလောက်ရင်မခုန်ဘူးးးးList ကကြိုသိနေလို့?ခုဟာက ကတုန်ကယင်နဲ့...ဖြစ်နိုင်ရင် အားလုံးကို အိမ်ပြန်ရစေချင်တာ...အနုပညာရှင် တွေမှ မဟုတ်ဘူးးးအားလုံးကို ပြန်‌လွှတ်စေချင်တာပါ...(သူခိုး ဓားပြ မုဒိန်းကောင်တွေကလွဲ၍)အားလုံးမှာ အိမ်ရှိသလို အားလုံးမှာ မိသားစုရှိတယ်လေ" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ အခုလို သတင်းတွေထွက်ပေါ်နေပေမယ့် အခုထက်ထိတော့ ဘယ်သူမှလွတ်မြောက်လာခြင်းတော့ မရှိသေးပါဘူး။ ဖမ်းဆီးထိန်းသိမ်းခံထားရသူများအားလုံး ချစ်ရသူများအားလုံးနဲ့ မကြာခင်အချိန်အတွင်းမှာ ပြန်ဆုံနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Nhying Shin’s Facebook Account 

Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T