တရားစွဲခံထားရတဲ့ ညီမဖြစ်သူအေးဝတ်ရည်သောင်းကို စစ်ကောင်စီက အမှုပြန်လည်ရုတ်သိမ်းလိုက်လို့ ပျော်ရွှင်နေတဲ့ နှင်းဝတ်ရည်သောင်း

//s9.kh1.co/0b/0bb9c4c5756d206b8a43598bf76d1af92e51e283.jpeg
အနုပညာရှင်များ

 ၃၀-ဇွန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

..

မအေးသောင်းလို့ အများက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချော အေးဝတ်ရည်သောင်းကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ ပြည်သူတွေဘက်က ရပ်တည်ခဲ့တာကြောင့်  ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်..။

ဇွန်လ(၂၉)ရက်နေ့ညမှာတော့ ပုဒ်မ ၅၀၅ က ဖြင့် အမှုဖွင့်တရားစွဲခံထားရတဲ့ အနုပညာရှင်(၂၄)ယောက်ကို အမှုပြန်လည်ရုတ်သိမ်းပေးလိုက်တဲ့အကြောင်း စစ်ကောင်စီရဲ့သတင်းဌာနတွေက ထုတ်ပြန်ကြေညာခဲ့ပြီး အဲ့ဒီအထဲမှာ မအေးသောင်းကလည်း ပါဝင်လာပါတယ်..။

Photo Credit - Amazing Grace Photography
Photo Credit - Amazing Grace Photography
Photo Credit - Aye Thaung's Fb Acc
Photo Credit - Aye Thaung's Fb Acc

​အဆိုပါသတင်းကြောင့် ကာယကံရှင်မိသားစုဝင်တွေအပြင် ပြည်သူပရိသတ်တွေကပါ ဝမ်းသာနေကြပြီး ညီမဖြစ်သူမအေးသောင်းအတွက် နှင်းဝတ်ရည်သောင်းကလည်း ဝမ်းသာနေရတဲ့အကြောင်း စာလေးရေးကာ ပြောပြလာပါတယ်..။

"I am so happy finally she is home . Home time baby. Home time .love you su ma ????.."

"Su maaaaaaa . Ma g is so happy ??.." ဆိုပြီး ညီမဖြစ်သူအတွက် အပျော်လေးတွေကို ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit 
Photo Credit 
Photo Credit - Hnin Thaung's Fb Acc
Photo Credit - Hnin Thaung's Fb Acc

ညီအစ်မသူံးယောက်ထဲက အငယ်ဆုံးလေးဖြစ်တဲ့ ဆွိဝတ်ရည်သောင်းကလည်း အစ်မအတွက်ဝမ်းသာသလို အားလုံးအတွက်လည်း ဝမ်းသာနေရတဲ့အကြောင်းကို ပြောပြထားပါသေးတယ်..။

သူမတို့ရဲ့ပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်း မအေးသောင်းနဲ့အတူ အမှုပြန်လည်ရုတ်သိမ်းခံရတဲ့ အခြားအနုပညာရှင်တွေအတွက် ဝမ်းသာနေကြတဲ့ အကြောင်းတွေကိုလည်း မှတ်ချက်တွေ ပေးထားကြတာ တွေ့ရပါတယ်..။

Photo Credit - Hnin Thaung's Fb Acc
Photo Credit - Hnin Thaung's Fb Acc
Photo Credit - Sweet Wutt Yi Thaung's Fb Acc
Photo Credit - Sweet Wutt Yi Thaung's Fb Acc

သတင်း အရင်းအမြစ်Hnin Thaung's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T