ငြိမ်းချမ်းလွန်းလို့ အိမ်တံခါးတောင် သော့မခတ်ပဲနေလို့ရတဲ့ နိုင်ငံ ၁၀ နိုင်ငံ

//s9.kh1.co/0d/0dca56aee6ff08cc940c87c318d8cdc8ef8cf221.jpg
ဗဟုသုတအဖြာဖြာ

 ၂၄-ဇွန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

သင့်အနေနဲ့ ကမ္ဘာပေါ်မှာ ငြိမ်းချမ်းမှုအရှိဆုံး နိုင်ငံကိုတွေးမိဖူးပါသလား။ တွေးမိခဲ့ရင်ရော ဘယ်နိုင်ငံများဖြစ်နေနိုင်မလဲ။ ငြိမ်းချမ်းရေးဆိုတာ သတ်မှတ်ဖို့ ခက်ခဲ့ပေမယ့် ၂၀၀၆ ခုနှစ်မှာ Global Peace Index က “ အကြမ်းဖက်မှုမရှိခြင်း” ဆိုပြီး အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ ငြိမ်းချမ်းသောပြည်နယ်‌ေတွမှာ ဘယ်လိုယဉ်ကျေးမှုရိုးရာ အဖွဲ့အစည်းတွေရှိသလဲဆိုတာကုိ ဆက်‌လက်လေ့လာခဲ့ကြပါတယ်။ နောက်ဆုံး‌ေတွ့ရှိချက်‌ေတွအရ Iceland ဟာ ကမ္ဘာပေါ်မှာ အငြိမ်ချမ်းဆုံးနိုင်ငံဖြစ်ပြီး ဒုတိယနဲ့ တတိယကတော့ Denmarkနဲ့ New Zealand တို့ပဲဖြစ်ပါတယ်။ Global Peace Index ရဲ့အဆိုအရ နောက်ထပ်ငြိမ်းချမ်းတဲ့ နိုင်ငံတွေကတော့---

10: Belgium

https://s9.kh1.co/__image/w=500,h=333,q=100/56/563f5379c4a3d94fedb6777c6fdfec07b800babb.webp

Belgium နိုင်ငံဟာ ဥရောပနဲ့ ကမ္ဘာ‌ေပါ်မှာ နေထိုင်ဖို့အကောင်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ Brussels မြို့ကတော့ Belgium နိုင်ငံရဲ့မြို့တော်ဖြစ်ပြီး ထိုမြို့လိုမ‌ျိုး လှပတဲ့နေရာတွေလည်းရှိသလို European Union နဲ့ NATO တို့ရဲ့ အိမ်ဆိုလည်း မမှားပါဘူး။ Belgium နိုင်ငံဟာ အလယ်ခေတ်မြို့ကြီးများ၊ လှပသောမြို့တော်ခန်းမများ၊ ခမ်းနားသောရဲတိုက်များနှင့် သဘာဝအလှအပများကို ပိုင်ဆိုင်ထားပါတယ်။

9.Sweden

https://s9.kh1.co/__image/w=500,h=333,q=100/d9/d9e4a63d96bc9c4486e410b158e9e184c588bb11.webp

Global Peace Index ရဲ့သတ်မှတ်ချက်အရ ဆွီဒင်နိုင်ငံဟာ နံပါတ်၉နေရာမှာ ရပ်တည်နေပါတယ်။ ဆွီဒင်နိုင်ကတော့ ဥရောပရဲ့မြောက်ဘက်မှာ တည်ရှိပြီး ကမ္ဘာပေါ်တွင် အလှပဆုံး စကင်ဒီနေးဗီးယားနိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံမှာ‌ေတာ့ တစ်နှစ်မှာမှ ဓါးပြမှု ၉၀၀၀ သာရှိပြီး United States မှာဆိုရင် တစ်နှစ်ကို ၃၅၀,၀၀၀ ရှိပါတယ်။

8.Canada

https://s9.kh1.co/__image/w=500,h=333,q=100/1f/1f4a94f307be8ab392850880dfcde5876d415777.webp

Canada နိုင်ငံဟာ လူနေမှုအဆင့်အတန်းအကောင်းဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်သလို အငြိမ်ချမ်းဆုံး နိုင်ငံစာရင်းထဲမှာ နံပါတ် ၈ ချိတ်ပါတယ်။ အကယ်၍သင်သာ Toronto ဒါမှမဟုတ် နိုင်အာဂရာရေတံခွန် ( Niagara Fall ) ကုိ ရောက်ဖူးမယ်...သိမယ်ဆိုရင် Canada နိုင်ငံဟာ ဘယ်လောက်လှလဲဆိုတာ သိရှိပါလိမ့်မယ်။

7: Finland

https://s9.kh1.co/__image/w=500,h=333,q=100/21/216f884dc7ca657fc0e5d41d8ffbeb8066206c5b.webp

Finland နိုင်ငံကတော့ ငြိမ်းချမ်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သလို နေထိုင်လို့ကောင်းတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ သူတို့နိုင်ငံရဲ့ သဘာ၀တရားကြောင့် Finland ဟာလူသိများပြီး လူကြိုက်များခဲ့ပါတယ်။

6: Japan

https://s9.kh1.co/__image/w=500,h=333,q=100/fc/fcf37a2c086fa982a4078ff71c1b2bce50c93cb3.webp

ဂျပန်နိုင်ငံဟာ ယဉ်ကျေးမှုအစဉ်အလာအရစိတ်ဝင်စားဖွယ်အကောင်းဆုံး နိုင်ငံ‌ေတွထဲက တစ်နိုင်ငံအပါအ၀င်ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာလည်း တတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်ပြီး Asia မှာဆိုရင် အပျော်ရွှင်ရဆုံး နိုင်ငံအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။ ဂျပန်ကုိ ရှုထောင့်ပေါင်းစုံကကြည့်လျှင် ဘေးကင်းတဲ့နိုင်ငံတစ်နိုင်ငံအဖြစ်မြင်ရမှာဖြစ်ပြီး Crime မှုတွေလည်း အတော်နည်းပါတယ်။

5: Switzerland

https://s9.kh1.co/__image/w=500,h=333,q=100/7f/7fc052cba226538d30d1d8b9be4079ea51951fcf.webp

Switzerland နိုင်ငံဟာ သဘာ၀အားြဖင့် စိတ်၀င်စားဖွယ်ကောင်းတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ တိုင်းပြည်ဟာလည်း ဒေသအတွင်း၊ နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးဆိုင်ရာနိုင်ငံရေး ပြဿနာများတွင် ကြားနေအပြုအမှုကြောင့် လူသိများကြပါတယ်။ Switzerland ဟာ ကမ္ဘာတစ်ဝှမ်းရှိအခြားနိုင်ငံများနှင့် သံတမန်ရေးရာဆက်ဆံရေးကို ခိုင်ခိုင်မာမာ ဆက်လက်ထိန်းသိမ်းထားနိုင်လျက်ရှိပါတယ်။

4: Austria

https://s9.kh1.co/__image/w=500,h=333,q=100/bd/bde13b3f005e5d8a90101e47c33e04d55ba166a4.webp

Austria ဟာ နိုင်ငံတကာအရေးအပေါ် မတူညီတဲ့ ရပ်တည်ချက်ေတွကြောင့် ကမ္ဘာအငြိမ်းချမ်းဆုံးနိုင်ငံစာရင်းထဲမှာ ပါ၀င်နေတာဖြစ်ပါတယ်။ Austria နိုင်ငံအနေနဲ့ လုပ်ကိုင်တာတွေကောင်းမွန်တာကြောင့် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဂျာမဏီလို Europe ကိုမကယ်လို့ဆိုပြီး အပြစ်တင်ပြောခံရခြင်း မရှိပါဘူး။ ဒါကြောင့်ပဲ Austria ဟာ ငြိမ်းချမ်းမှုအရှိဆုံး နိုင်ငံထဲမှာ ပါ၀င်လျက်ရှိပါတယ်။

3: New Zealand

https://s9.kh1.co/__image/w=500,h=333,q=100/bb/bb102152ec4537e93721a29c95c352dc4250e7c0.webp

၂၀၀၇ ကစပြီး ယနေ့ချိန်ထိ New Zealand ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးနဲ့ ငြိမ်းချမ်းမှုအရှိဆုံး နိုင်ငံအဖြစ် ဆက်လက်ရပ်တည်ခဲ့ပါတယ်။ ထောင်ထဲမှာရှိတဲ့လူဦးရေဟာ သူတို့လူဦးရေရဲ့ အနည်းငယ်မျှသာဖြစ်ပြီး စစ်‌ေရးစွမ်းရည်ဟာလည်း အကန့်အသန့်နဲ့ထားရှိပါတယ်။ Austriaနဲ့ ခိုင်မာတဲ့ ဆက်ဆံရေး‌ေတွရှိတာကြောင့် New Zealandဟာလည်း နေထိုင်ဖို့ကောင်းတဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။

2: Denmark

https://s9.kh1.co/__image/w=500,h=333,q=100/c7/c71ee099f5ca8304c36d76d72a4a74c0f6b202d2.webp

နယူးဇီလန်လို ဒိန်းမတ်နဲ့ ကျန်ဥရောပ မြောက်ပိုင်းနိုင်ငံများဟာ စီးပွားရေးနှင့်ဘေးကင်းလုံခြုံမှုတွင် အကောင်းဆုံးဖြစ်တဲ့နိုင်ငံတွေထဲမှာ ပါ၀င်ပါတယ်။ မက်ဆာချူးဆက်ပြည်နယ် ( Massachusetts ) အရွယ်အစား‌ေလာက်သာ ရှိ‌ေပမယ့်လည်း ဒိန်းမတ်ဟာဥရောပတိုက်မှာ ငြိမ်းချမ်းမှုအရှိဆုံးနိုင်ငံဖြစ်ပါတယ်။

1: Iceland

https://s9.kh1.co/__image/w=500,h=333,q=100/6d/6d6daf27707000ba4f45606a29346aab04b0fa61.webp

ဘေးကင်းလုံခြုံစိတ်ချစွာနေထိုင်‌နိုင်တဲ့ နိုင်ငံကိုပြောပြပါဆိုရင် Iceland ပဲဖြစ်ပါတယ်။ နှစ်ခါပြန်စဉ်းစားဖို့မလိုလောက်အောင် ငြိမ်းချမ်းမှုအရှိဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အ‌အေးဆုံးနဲ့ အသေးဆုံးနိုင်ငံဖြစ်တာကြောင့်လည်း ၁၆၂နိုင်ငံရဲ့ ထိပ်ဆုံးမှာ တည်ရှိနေရခြင်း ဖြစ်ပါတယ်။ အရွယ်အစားသေးပေမယ့်လည်း မိမိလုပ်ချင်မယ့် အရာတွေအများကြီးရှိသလို ဆွဲဆောင်မှုတွေလည်း အများကြီးရှိပါတယ်။

သတင်း အရင်းအမြစ်Wonderlist

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T