ကယားစစ်ဘေးရှောင်တွေအတွက် စားသောက်ကုန်တွေကို အိတ်(၅၀၀)အပြည့်ထည့်ကာ ပြင်ဆင်နေကြတဲ့စေတနာရှင်အလှူရှင်များ

//s9.kh1.co/24/24a2d6c0339e1ca5ef8f0f9e57b98238214191b3.jpg
နေ့စဉ်သတင်းများ

 ၁၆-ဇွန်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

အခုလက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသား
နယ်မြို့လေးတွေမှာ စစ်ဘေးဒဏ်ကိုအလူးအလဲခံစားနေကြရတာဖြစ်ပါတယ်။ ပြင်းထန်လာတဲ့တိုက်ပွဲအခြေအနေတွေကြောင့် နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရပြီး တောတောင်ထဲတွေနဲ့ စစ်ဘေးရှောင်စခန်းတွေမှာခိုလှုံနေကြရတာပါ။ မိုးတွင်းကာလလည်းဖြစ်တဲ့အပြင် ရိက္ခာမလုံလောက်မှုတွေနဲ့ နေစရာအိမ်အဆင်မပြေမှုတွေကြောင့် စစ်ဘေးရှောင်တိုင်းရင်းသားတွေခမျာ နေ့စဉ်နဲ့အမျှဒုက္ခပင်လယ်ဝေနေကြရတာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

စစ်ဘေးရှောင်စခန်းတွေအတွက် ပြည်သူတွေဘက်ကနေ တတ်နိုင်သရွေ့လှူဒါန်းမှုတွေဆက်တိုက်ပြုလုပ်နေကြပေမယ့် သွားလာရေးခက်ခဲမှုတွေနဲ့ လမ်းမှာတင်ဖျက်ဆီးခံရမှုတွေကြောင့် စစ်ဘေးသင့်ပြည်သူတွေမှာ ရိက္ခာလုံလောက်အောင်မရနိုင်ဖြစ်နေကြရတာပါ။ အခုလိုအခြေအနေတွေဖြစ်ပေါ်နေပေမယ့်လည်း ပြည်သူတွေက ရရာနည်းလမ်းမျိုးစုံနဲ့စစ်ဘေးသင့်ဒေသတွေကို တတ်နိုင်သရွေ့ကူညီနေကြတာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

အခုဆိုရင်လည်း ဆရာတော်တစ်ပါးက ကယားစစ်ဘေးသင့်ဒေသတွေအတွက် စားနပ်ရိက္ခာတွေကို အိတ် (၅၀၀)အပြည့်ထည့်ကာ ဘတ် ငါးသိန်းဖိုးလှူဒါန်းဖို့အတွက် ပြင်ဆင်နေတာဖြစ်ပါတယ်။  ၎င်းဆရာတော်က စစ်ဘေးသင့်ဒေသတွေအတွက် တတ်နိုင်သရွေ့ကူညီပေးနေတဲ့ဆရာတော်တစ်ပါးပါ။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T