စစ်ကောင်စီက နေအိမ်တွေမှာ ပြန်နေခိုင်းသော်လည်း မိမိတို့ကျန်နေခဲ့တဲ့ ပစ္စည်းတွေကိုသာ လာသယ်ယူပြီး ပြန်လည်ထွက်ခွာသွားကြတဲ့ ဒီးမော့ဆိုက ပြည်သူများ

//s9.kh1.co/79/798be091c5fc0a4c780b54f207c932f69f534234.jpg
နေ့စဉ်သတင်းများ

 ၁၆-ဇွန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွေထဲမှာ စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း ပစ်ခတ်မှုကြောင့် နေအိမ်တွေ နဲ့ အခြားဘာသာရေး အဆောက်အဦးများအပြား မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရတဲ့အပြင် နေရပ်စွန့်ခွာတဲ့ စစ်ဘေးရှောင်ပြည်သူတွေကလည်း တစ်နေ့တခြားများပြားလာတာ တွေ့ရပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်ကလည်း သေဆုံးတာတွေရှိခဲ့သလို ဒေသခံပြည်သူ (၅၀)ကျော်လောက်လည်း သေဆုံးသွားခဲ့တယ်လို့ ကြားသိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဇွန်လ (၁၅)ရက်နေ့ကတော့ စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းဖြင့် တစ်ရွာဝင်တစ်ရွာထွက်ပြီး စစ်ကြောင်းထိုးစစ်ဆင်ပြုလုပ်ခဲ့သလို မြို့၊ရွာထဲမှာ တိုက်ပွဲဖြစ်တာကြောင့် ထွက်ပြေးတိမ်းရှောင်ခိုလှုံနေတဲ့ တောတောင်တွေထဲက စစ်ရှောင်စခန်းတွေကို ဝင်ရောက်ခဲ့ပြီး မိမိတို့ရဲ့ ကျေးရွာ၊ နေအိမ်များမှာ ပြန်နေကြဖို့ ပြောဆိုခဲ့တယ်လို့လည်း ကြားသိရပါတယ်။ တချို့ပြည်သူတွေကလည်း မိမိတို့နေအိမ်တွေကို ပြန်ချင်ကြပေမယ့် ယခုအချိန်ထိ စစ်ကြောင်းထိုးစစ် ချီတက်နေတုန်းမို့ မပြန်ရဲကြဘဲ စစ်ရှောင်စခန်းတွေမှာပဲ နေကြတာ ဖြစ်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဒါ့အပြင် လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် ပြည်သူနေအိမ်အများအပြား ပျက်စီးဆုံးရှုံးနေလို့ တချို့ပြည်သူများ ပြန်နေဖို့အတွက် ဒုက္ခရောက်နေကြတာ တွေ့ရပါတယ်။ ယခုအခါမှာ စစ်ကောင်စီတပ်တွေက ပြည်သူတွေကို အိမ်မှာပြန်နေခိုင်းသော်လည်း ဒေသခံပြည်သူများက ကားကြီးကားငယ်တွေနဲ့ မိမိတို့ကျန်နေခဲ့တဲ့ ပစ္စည်းရိက္ခာတွေကိုသာ အလုအယက်သယ်ယူပြီး ဘေးလွတ်ရာကို အသီးသီးပြန်ထွက်ခွာသွားကြတယ်လို့ သိရပါတယ်။

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T