မီးလောင်ပျက်စီးသွားတဲ့ နေအိမ်တွေထဲမှာပါသွားခဲ့တဲ့ "ချည်"ဇာတ်ကားထဲက နေတိုး ၊ သက်မွန်မြင့်တို့ ဝတ်ဆင်ခဲ့တဲ့ ဒီးမော့ဆိုက ကယန်းရိုးရာ အထည်ဆိုင်လေး

//s9.kh1.co/a7/a783346e5e0c94996526dd8e822093f6c95c6e84.jpg
နေ့စဉ်သတင်းများ

 ၁၆-ဇွန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ကယားပြည်နယ်အတွင်းရှိ ဒီးမော့ဆိုမြို့လေးမှာ ပြီးခဲ့တဲ့ လပိုင်းကနေစတင်ပြီး စစ်ကောင်စီတပ်တွေ နဲ့ ပြည်သူ့ကာကွယ်ရေး တပ်တွေအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အပြစ်မဲ့ပြည်သူတချို့ သေဆုံးခဲ့ရသလို ထောင်ချီတဲ့ ဒေသခံတွေလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြတာ တွေ့ရပါတယ်။ လက်ရှိမှာ စစ်ရဲ့ အနိဌာရုံခံစားနေရတဲ့ ဒီမော့ဆိုမြို့က နေအိမ်အများစုမှာလည်း သွေးပျက်စရာကောင်းအောင် မီးလောင်ပြိုကျ ပျက်စီးနေတာ တွေ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဒါ့အပြင် တချို့နေရာတွေမှာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် တိတ်ဆိတ်ပြီး မြို့ပျက်ကြီးသဖွယ်ဖြစ်နေတာ တွေ့ရပါတယ်။ ဒီလို မီးလောင်ပျက်စီးသွားတဲ့ နေအိမ်တွေထဲမှာတော့ "ချည်" ရုပ်ရှင်ဇာတ်ကြီး ရိုက်ကူးခဲ့စဥ်က နေအိမ်တချို့နဲ့ ဆိုင်ခန်းတွေလည်း ပါသွားခဲ့တယ်လို့ သိရပါတယ်။ မီးလောင်ပျက်စီးသွားခဲ့တဲ့ နေအိမ်နဲ့ ဆိုင်ခန်းလေးဟာ နေတိုးနဲ့ သက်မွန်မြင့်တို့ ဝတ်ဆင်ခဲ့တဲ့ ကယန်းရိုးရာအဆင်​လေး​တွေ ​ရောင်းတဲ့ "ကယန်းသဇင်"အထည်ဆိုင်​လေးပဲ ဖြစ်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

"ချည်" ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုး ၊ သက်မွန်မြင့် ၊ ရွှေသမီး စတဲ့ နာမည်ကြီး သရုပ်ဆောင်နဲ့ ရိုက်ကူးထားတာဖြစ်ပြီး ပရိသတ်တွေ သဘောကျခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ယခုမှာလည်း "ကယန်းသဇင်"ဆိုင်လေး မီးလောင်မပျက်စီးခင်က နေတိုး ၊ သက်မွန်မြင့်တို့နဲ့ အမှတ်တရ ရိုက်ထားတဲ့ ပုံလေးတွေနဲ့ အတူ လက်ရှိ မီးလောင်ပျက်စီးထားတဲ့ စိတ်မကောင်စရာ ပုံရိပ်လေးတွေကတော့ လူမှုကွန်ယက်မှာ ပျံ့လာခဲ့ပါတယ်။ "ချည်" ဇာတ်ကားကို ကြည့်ဖူးတဲ့ ပရိသတ်တွေလည်း "ကယန်းသဇင်"ဆိုင်လေးရဲ့ လက်ရှိ အခြေအနေလေးကို စိတ်မကောင်းဖြစ်မိမယ်လို့လည်း ထင်မိပါတယ်။

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T