မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံနေတဲ့ သံတွဲလေဆိပ်ရဲ့ မြင်ကွင်းအခြေအနေ

//s9.kh1.co/c4/c4a5e157045d4d51321c0def0f8b43965847fc90.jpg
နေ့စဉ်သတင်းများ

 ၁၆-ဇွန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ယမန်နေ့တွေတည်းက မြန်မာနိုင်ငံအတွင်းနေရာတော်တော်များများမှာ မိုးသည်းထန်စွာရွာသွန်းနေပြီး မုန်တိုင်းသတိပေးချက်တွေလည်း ထွက်ပေါ်ထားတာကို ပရိသတ်တွေသိကြမယ်ထင်ပါတယ်။ မိုးလေ၀သပညာရှင်တွေအနေနဲ့လည်း လေဖိအားနည်းရပ်၀န်းဖြစ်နေပြီး မြန်မာနိုင်ငံအတွင်းမှာ မုတ်သုံလေအားကောင်းနေကြောင်းကို ထုတ်ပြန်ထားတာတွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

မြန်မာနိုင်ငံတဝှမ်းလုံးနီးပါးမှာ မိုးရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုတွေဖြစ်ပေါ်နေပြီး ပင်လယ်ကမ်းရိုးတန်းတွေမှာလည်း ရေလွှမ်းမှုတွေဖြစ်ပေါ်နေတာကိုတွေ့ရပါတယ်။ ယနေ့ ဇွန်လ၁၆ရက်နေ့မှာလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ် သံတွဲမြို့မှာရေကြီး ရေလျှံမှုတွေဖြစ်ပေါ်နေပြီး သံတွဲလေဆိပ်မှာဆိုရင်လည်း သွားလာလို့မလွယ်လောက်အောင်ကို ရေကြီးနေတာကိုတွေ့မြင်ရပါတယ်.....။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ပြည်သူတွေအနေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေအပြင် အခုလိုရေကြီးရေလျှံမှုတွေပါတွေ့ကြုံနေကြရတဲ့အတွက် ဆင်းရဲဒုက္ခမျိုးစုံကိုခံစားနေကြရတာပါ။ ရာသီဥတုဆိုးရွားမှုတွေကြောင့် ကမ်းရိုးတန်းနီးပြည်သူတွေအနေနဲ့ ရေဘေးအန္တရာယ်ကိုသတိထားကြဖို့လိုပါတယ်။ ပရိသတ်တွေအတွက် သံတွဲလေဆိပ်မှာရေလျှံနေတဲ့ ပုံရိပ်တွေကိုပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T