အကြောင်းအမျိုးမျိုးကြောင့် မြန်မာပြည်ကိုပြန်လာလို့မရတဲ့အတွက် အိမ်ကိုလွမ်းနေတဲ့အကြောင်းဖွင့်ဟလာတဲ့ သူဇာ၀င့်လွင်

//s9.kh1.co/f0/f0e9f6f7f86ded24ce39427568da9e5c0df81070.jpg
အနုပညာရှင်များ

 ၁၆-ဇွန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောမတည်ငြိမ်နေတဲ့အခက်အခဲအခြေအနေတွေကြားထဲကနေ မြန်မာနိုင်ငံကိုယ်စားပြု Miss Universeတစ်ယောက်အနေနဲ့ Miamiမှာ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် သူဇာ၀င့်လွင်ကို ပရိသတ်တွေလည်းသိကြမယ်ထင်ပါတယ်။ သူဇာ၀င့်လွင်ဟာ Miss Universeပြိုင်ပွဲကြီးမှာ ချင်းရိုးရာ၀တ်စုံလေး၀တ်ဆင်ကာ National Costumeအနေနဲ့၀င်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဆုရရှိခဲ့တဲ့အပြင် Top 21ထိ၀င်ခဲ့တဲ့ နိုင်ငံ့ဂုဏ်‌ဆောင်အလှမယ်လေးဖြစ်ပါတယ်။

Photo credit-​ Thuzar Wint Lwin's Facebook acc
Photo credit-​ Thuzar Wint Lwin's Facebook acc
Photo credit-​ Thuzar Wint Lwin's Facebook acc
Photo credit-​ Thuzar Wint Lwin's Facebook acc

သူဇာ၀င့်လွင်က လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပက်သက်ပြီး အားတက်သရော Speak outလုပ်ခဲ့သူတစ်ဦးလည်းဖြစ်ပြီး "Queen of Democracy" လို့တောင် တင်စားခေါ်ဝေါ်ရတဲ့ အလှမယ်တစ်ဦးဖြစ်ပါတယ်။ သူဇာ၀င့်လွင်ရော အစ်မဖြစ်သူမေရောပါ အရေးတော်ပုံကြီးအောင်မြင်ရေးမှာ တက်တက်ကြွကြွပါ၀င်ခဲ့ကြတာဖြစ်ပြီး မေကတော့ ၅၀၅(က)နဲ့ အမှုဖွင့်အရေးယူခံထားရတာကြောင့် ရှောင်တိမ်းနေရတာလည်းဖြစ်ပါတယ်။

Photo credit-​ Thuzar Wint Lwin's Facebook acc
Photo credit-​ Thuzar Wint Lwin's Facebook acc
Photo credit-​ Thuzar Wint Lwin's Facebook acc
Photo credit-​ Thuzar Wint Lwin's Facebook acc

သူဇာ၀င့်လွင်ကလည်း Miss Universeပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံအတွက် Speak outလုပ်ခဲ့တာကြောင့် အရေးယူခံရနိုင်တဲ့ ကောလဟာလသတင်းအချို့လည်းထွက်ပေါ်ခဲ့တဲ့အတွက် မြန်မာပြည်ကိုပြန်မလာတော့ပဲ နိုင်ငံရပ်ခြားမှာပဲနေထိုင်နေတာဖြစ်ပါတယ်။ အခုလိုအခြေအနေတွေကြောင့် သူဇာ၀င့်လွင်ကသူမရဲ့ Facebookစာမျက်နှာမှာ "အိမ်ကိုလွမ်းတယ် အရင်အချိန်လေးတွေလဲလွမ်းတယ်....." ဆိုပြီး သူမရဲ့ခံစားချက်လေးကို ရေးသားလာခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-​ Thuzar Wint Lwin's Facebook acc
Photo credit-​ Thuzar Wint Lwin's Facebook acc

သတင်း အရင်းအမြစ်Thuzar Wint Lwin's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T