မီးလောင်မှုကြောင့် အိုးအိမ်တွေ ပျက်စီးဆုံးရှုံးနေရတဲ့ ပြည်သူတွေအတွက် ကိုယ်ချင်းစာနာပေးကြဖို့ မီးရှို့ဖျက်စီးတဲ့သူတွေကို မေတ္တာရပ်ခံလာတဲ့ တန်ခွန်ကျော်

//s9.kh1.co/49/49d71c2d98878a563bc36a8b9859c80c9b7e08c0.jpg
အနုပညာရှင်များ

 ၁၆-ဇွန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော နေရာဒေသတချို့တွေမှာ နေအိမ်၊ စာသင်ကျောင်း၊ ဘာသာရေး အဆောက်အဦးတွေဟာ နေ့စဥ်အမျှ မီးလောင်ပျက်စီးမှုတွေ ဖြစ်ပွားနေသလို တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ချင်း၊ ကယားပြည်နယ်အတွင်းမှာလည်း စစ်ရဲ့ အနိဌာရုံခံနေရပြီး လက်နက်ကြီးထိမှန်ကာ လူနေအိမ်တွေ အများဆုံးမီးလောင်ပျက်စီးနေတာကို တွေ့မြင်ရပါတယ်။ စစ်ဘေးရှောင်နေရတဲ့ ပြည်သူများကလည်း သိန်းနဲ့ချီ ရှိလာခဲ့ပြီး ဒုက္ခကြီးစွာ ခံစားနေရတာ ဖြစ်ပါတယ်။

Photo Credit - Tan Khun Kyaw fb account
Photo Credit - Tan Khun Kyaw fb account
Photo Credit - Tan Khun Kyaw fb account
Photo Credit - Tan Khun Kyaw fb account

ဇွန်လ (၁၅)ရက်နေ့ကလည်း မကွေးမြို့နယ်က ကင်းမရွာလေးမှာ ဒေသခံပြည်သူတွေနဲ့ စစ်ကောင်စီတို့အကြား နှစ်ဘက်တင်းမာမှုတွေကြောင့် တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒေသခံတွေရဲ့ ပြောပြချက်အရ မီးလောင်သွားတဲ့ အထဲတွေမှာ မသန်မစွမ်းဖြစ်နေတဲ့ သက်ကြီးရွယ်အိုတွေလည်း ပါသွားတယ်လို့ သိရပါတယ်။ ယင်း မီးလောင်ပျက်စီးသွားတာနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်ပေးနေတဲ့ Myanmar idol မှ အဆိုရှင် ချင်းတိုင်းရင်းသားလေးဖြစ်တဲ့ တန်ခွန်ကျော်ကလည်း အိုးအိမ်တွေပျက်စီး ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေအတွက် ကိုယ်ချင်းစာပေးကြဖို့ မီးရှို့ဖျက်စီးတဲ့သူတွေကို မေတ္တာရပ်ခံ လာခဲ့ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

"မကွေးနယ်က ကင်းမရွာလေး မီးပြာကျသွားပြီ အိမ်ဆိုတာ မိသားစုတစ်ခုရဲ့အားပါ....သူတို့တွေဘယ်လောက်တောင် စိတ်ဓာတ်ကျနေကြမလဲ...အခုလိုကာလမှာ အိမ်တစ်လုံးဘယ်လိုဆောက်နိုင်မှာလဲ ....အရာရာတန်ဖိုးကြီးပေးဝယ်နေရတဲ့ခေတ်ကြီးမှာ ခင်ဗျားတို့ရဲ့ အတ္တတစ်ခုထဲကြောင့် အိုးအိမ်မဲ့ကုန်ပြီ ကိုယ်ချင်းစာပေးကြပါ မလုပ်ကြပါနဲ့တော့ "ဆိုပြီး စိတ်မကောင်းစွာ ရေးသားထားပါတယ်။ ကင်းမရွာလေး မီးလောင်သွားရတာကို ပြည်သူများကလည်း စိတ်မကောင်းဖြစ်နေပြီး ဆုတောင်းပေးထားကြတာကို တွေ့ရပါတယ်။

Photo Credit - Tan Khun Kyaw fb account
Photo Credit - Tan Khun Kyaw fb account

သတင်း အရင်းအမြစ်Source - Tan Khun Kyaw fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T