တိုက်ပွဲတွေအကြား ထွက်ပြေးလာခဲ့ပေမယ့် ကျန်နေခဲ့တဲ့ တိရိစ္ဆာန်လေးတွေအတွက် စိတ်ပူနေတဲ့ ချင်းမလေးရဲ့ မေတ္တာကြီးမားပုံကို ပြောပြလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/98/9886c53e4a054693621dfc26022933cd41d235d1.jpg
နေ့စဉ်သတင်းများ

 ၁၆-ဇွန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ချင်းပြည်နယ်၊ မင်းတပ်မြို့လေးဟာ အရင်ကအေးချမ်းသာယာတဲ့ တောင်ပေါ်မြို့လေးဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ လပိုင်းလောက်ကနေစတင်းပြီး တိုက်ပွဲတွေကြောင့် စစ်ဒဏ်ကိုခံနေရတဲ့အဖြစ်ကိုရောက်ရှိ နေခဲ့တာဖြစ်ပါတယ်။ ယင်းတိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူများဟာ နေအိမ်၊ မြို့ရွာတွေကို စွန့်ပြီး ခက်ခဲကြမ်းတမ်းတဲ့ တောတောင်တွေကြားမှာ ဒုက္ခဆင်းရဲစွာ နေထိုင်ကြတာကိုလည်း တွေ့မြင်ရ​ပါတယ်။

Photo Credit - Lin Yaung Sin fb account
Photo Credit - Lin Yaung Sin fb account
Photo Credit - Lin Yaung Sin fb account
Photo Credit - Lin Yaung Sin fb account
Photo Credit - Lin Yaung Sin fb account
Photo Credit - Lin Yaung Sin fb account

ဒီလိုဒုက္ခဆင်းရဲစွာ နေထိုင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက်လည်း ပြည်တွင်းပြည်ပက အလှူရှင်များကလည်း ဆေးဝါးနှင့် စားနပ်ရိက္ခာတွေကို လှူဒါန်းပေးကြတာ တွေ့ရပါတယ်။ ယခုလို စစ်ဘေးရှောင်စခန်းတွေကို ကိုယ်တိုင်သွားရောက်လှူဒါန်းပေးနေတဲ့ ပြည်သူတစ်ဦးဟာ စစ်ဘေးရှောင်စခန်းမှာ ရောက်နေတဲ့ ချင်းကလေးတစ်ယောက်ရဲ့ မေတ္တာတရားကြီးမားပုံကို သူ့ရဲ့ လူမှုကွန်ယက်မှာ ပြောပြထားတာတွေ့ရပါတယ်။

Photo Credit - Lin Yaung Sin fb account
Photo Credit - Lin Yaung Sin fb account
Photo Credit - Lin Yaung Sin fb account
Photo Credit - Lin Yaung Sin fb account
Photo Credit - Lin Yaung Sin fb account
Photo Credit - Lin Yaung Sin fb account

တစ်ရွာလုံးနီးပါး သေနတ်သံတွေကြားထဲမှာ နေအိမ်တွေနဲ့ တိရိစ္ဆာန်လေးတွေကိုထားခဲ့ပြီး ဒုက္ခတွေကြားမှာ ထွက်ပြေးလာခဲ့ရလို့ ကျန်နေခဲ့တဲ့ တိရိစ္ဆာန်လေးတွေ အစာမစားရမှာကို စိတ်ပူနေတဲ့ ချင်းမလေးရဲ့ မေတ္တာတရားကို ကြားရတာကြောင့် စိတ်မကောင်းစွာပြောပြခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ဘေးရှောင်တွေရဲ့ ဆင်းရဲပင်ပန်းကြီးစွာ နေရတာတွေနဲ့ စားသောက်စရာလေးတွေ လှူဒါန်းပေးခဲ့တဲ့ အမှတ်တရပုံလေးတွေကိုလည်း ဖော်ပြထားပါတယ်။ လက်ရှိအချိန်ထိလည်း မင်းတပ်မြို့လေးဟာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာကြောင့် ပြည်သူများဟာ အလံဖြူလေးတွေထောင်ပြီး ကြောက်လန့်တကြား သွားလာနေရတယ်လို့ သိရပါတယ်။

Photo Credit - Lin Yaung Sin fb account
Photo Credit - Lin Yaung Sin fb account

သတင်း အရင်းအမြစ်Source - Lin Yaung Sin fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T