မိခင်နောက်ဆုံးအချိန်ထိ အသုံးပြုခဲ့တဲ့ ဝှီးချဲလေးနဲ့ ကုတင်ကိုကြည့်ပြီး သတိရနေတဲ့အကြောင်းကို ဝမ်းနည်းကြေကွဲကာ ပြောပြလာတဲ့ ခွန်းဆင့်နေခြည်

//s9.kh1.co/10/103535b684772d041320194c98ba5ad40a69399c.jpg
အနုပညာရှင်များ

 ၁၅-ဇွန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိထားတဲ့ သရုပ်ဆောင် ခွန်းဆင့်နေခြည်ဟာလက်ရှိ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ  နေထိုင်နေတာဖြစ်ပါတယ်။ မိဘဆွေမျိုးတွေကတော့ မြန်မာပြည်မှာပဲနေထိုင်နေတာဖြစ်ပြီး မကြားခဏဆိုသလို မြန်မာပြည်ကိုပြန်လာလေ့ရှိတာ တွေ့ရပါတယ်။ မေလ (၁) ရက်နေ့မှာတော့ သူမရဲ့ မိခင်ဟာ နှလုံးအမောဖောက်ပြီး ရန်ကုန်မှာပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=944,q=100/f5/f5ae0c30298e926920ff424f0b03745ab0b2a3c9.jpg
Photo Credit - Nay Chi fb account
Photo Credit - Nay Chi fb account
Photo Credit - Nay Chi fb account
Photo Credit - Nay Chi fb account

မိခင်ရဲ့ နောက်ဆုံးအချိန်မှာလည်း သွားလာဖို့အခက်အခဲတွေရှိတာကြောင့် သူမလုပ်ပေးနိုင်သလောက်ကို အဝေးကပဲ  စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။ ယနေ့ ဇွန်လ (၁၅) ရက်နေ့မှာတော့ ခွန်းဆင့်နေခြည် ရဲ့မိခင် ကွယ်လွန်သွားခဲ့တာဟာ (၄၆) ရက်ရှိလာခဲ့သလို မိခင်မကွယ်လွန်ခင်က အသုံးပြုခဲ့တဲ့ ဝှီးချဲလေးနဲ့ ကုတင်လေးတွေကို ကြည့်ပြီး လွမ်းဆွတ်သတိရနေကြောင်းကို ဝမ်းနည်းကြေကွဲကာ ရေးသားပြောဆိုလာတာ တွေ့ရပါတယ်။

Photo Credit - Nay Chi fb account
Photo Credit - Nay Chi fb account
Photo Credit - Nay Chi fb account
Photo Credit - Nay Chi fb account

ဒါ့အပြင် မိခင်နောက်ဆုံးအသုံးပြုခဲ့တဲ့ ဝှီးချဲလေးနဲ့ ကုတင်ကို ဆေးရုံ(သို့မဟုတ်) တကယ်လိုအပ်နေတဲ့ သူတွေကို လှူဒါန်းပေးမယ်လို့လည်း ပြောပြထားပါတယ်။ သူမအစ်ကို ရဲ့ ဝှီးချဲလေးကိုတော့ လမ်းမလျှောက်နိုင်တဲ့ အန်တီကြီးတစ်ယောက်ကို လှူဒါန်းပေးခဲ့တယ်လို့လည်း သိရပါတယ်။ မိခင်ကို လွမ်းဆွတ်သတိရနေတဲ့ ခွန်းဆင့်နေခြည်ရဲ့ စိတ်မကောင်းစရာ ခံစားချက်လေးတွေကို ပရိသတ်တွေ ပြန်လည်ဖတ်ရှု့လို့ရအောင် အောက်မှာဖော်ပြပေးထားပါတယ်။

Photo Credit - Nay Chi fb account
Photo Credit - Nay Chi fb account

သတင်း အရင်းအမြစ်Source - Nay Chi fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T