ဒုက္ခရောက်နေတဲ့သူတွေကို အရမ်းကူညီချင်ပေမယ့် ဆက်ပြီးကူညီလို့မရတော့တဲ့သူမရဲ့ အခြေအနေမှန်ကိုဖွင့်ဟလာတဲ့ စူးရှထက်

//s9.kh1.co/54/545b139d2ac6fa2b59db3aba79c8903e3606b16d.jpg
အနုပညာရှင်များ

 ၁၅-ဇွန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

မော်ဒယ်လ်သရုပ်ဆောင်အဖြစ် ပရိသတ်တွေအားပေးလက်ခံကြတဲ့ စူးရှထက်ကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတစ်ယောက်အနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ အားလုံးနဲ့အတူရပ်တည်ကာ လှုပ်ရှားမှုတွေ ပြုလုပ်နေသူပဲ ဖြစ်ပါတယ်။ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေနဲ့ လှူဒါန်းမှုတွေမှာပါ အဖက်ဖက်ကနေ ပြည်သူတွေနဲ့အတူ ပါဝင်အားဖြည့်နေတဲ့ စူးရှထက်ကတော့ ငွေကြေးတွေအပြင် ငွေအင်အားလူအင်အားနဲ့ အင်တိုက်အားတိုက်ပါဝင်နေတာကိုတွေ့ရပါတယ်။

Photo credit-​ Zar Chi's Facebook acc
Photo credit-​ Zar Chi's Facebook acc
Photo credit-​ Zar Chi's Facebook acc
Photo credit-​ Zar Chi's Facebook acc

အခုလိုဒုက္ခရောက်နေကြတဲ့ပြည်သူတွေကို အင်တိုက်အားတိုက်ကူညီနေတဲ့စူးရှထက်က သူမရဲ့ အခြေအနေမှန်ကို Facebookစာမျက်နှာက‌နေတစ်ဆင့် ပရိသတ်တွေကို အခုလိုဖွင့်ဟလာခဲ့ပါတယ်။ "အခက်ခဲဖြစ် နေတဲ့သူတွေကိုအကုန်ကူညီချင်တာပါ တကယ်စိတ်ရင်းနဲ့ပါ ကိုယ်ကလဲ သူဋ္ဌေးမဟုတ်တော့အကုန်မကူညီနိုင်တော့လို့ပါ အမှန်တိုင်းပြောပြမယ် အမှန်တိုင်းပြောလို့လဲ အထင်သေးမယ်ဆိုလဲအထင်သေးလို့ရပါတယ် ကိုယ့်မှာပိုင်ဆိုင်တာဆိုလို့ ဆိုင်လေးရယ် ကားလေးရယ်ကားလေးကလဲ ရောင်းလှူလိုက်လို့ကုန်သွားပါပြီ......။

Photo credit-​ Zar Chi's Facebook acc
Photo credit-​ Zar Chi's Facebook acc
Photo credit-​ Zar Chi's Facebook acc
Photo credit-​ Zar Chi's Facebook acc

ရှိတဲ့ဆိုင်လေးကလဲနိုင်ငံရေးမကောင်းလို့ပိတ်ထားရတယ် ဆိုင်ဖွင့်liveလွှင့် ရောင်းလို့ရပေမဲ့အများဒုက္ခရာက်နေချိန် မိုးခါးရေ မသောက်ရက်ပါဘူး ဆိုင်ကလဲ ဒီလကုန် စာချုပ် ချုပ်ရမယ်ဆက်ဖွင့်ရမလား ပိတ်လိုက်ရမလားမသိနဲ့ ကျွန်မ လမ်းတွေပျောက်နေပါတယ် ကျွန်မကရှိလို့လှူတာမဟုတ်ပါဘူး ကိုယ့်စားမဲ့ထဲက လျှော့စားပြီလှူတာပါ ဒုက္ခရောက်နေတဲ့ သူတွေဘယ်လောက်များနေလဲဆိုတာ သိပါတယ် တစ်နေ့တစ်နေ့ ကျွန်မ cb မှာစာတွေအစောင်ပေါင်းမနည်းဘူးကူညီချင်ပါတယ် အရမ်းကို ကူညီချင်တာပါ ကျွန်မမှာ တကယ်မရှိတော့လို့ပါ ဒီစာရိုက်ရင်း ကျွန်မဆန္ဒ တွေမပြည့်ဝလို့

မျက်ရည်တွေကျနေရပါတယ်မကူညီနိုင်တော့ လို့ တောင်းပန်ပါတယ်ရှင့်?......" ဆိုပြီး ဖွင့်ဟရေးသားလာခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-​ Zar Chi's Facebook acc
Photo credit-​ Zar Chi's Facebook acc
Photo credit-​ Zar Chi's Facebook acc
Photo credit-​ Zar Chi's Facebook acc

သတင်း အရင်းအမြစ်Zar Chi's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T