တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလာတာကြောင့် ကျေးရွာ(၁၃)ရွာလောက် ထပ်မံထွက်ပြေးနေရတဲ့ ထန်တလန်မြို့နယ်က ဒေသခံပြည်သူများ

//s9.kh1.co/02/02b13af867df5d265baf1ee107f3a116b596ca00.jpg
နေ့စဉ်သတင်းများ

 ၁၅-ဇွန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိအချိန်ထိ ချင်းပြည်နယ်က မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးCDFတပ်တွေအကြား တိုက်ပွဲတွေဆက်လက် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ နေ့စဥ်ဆိုသလို ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ဒေသခံပြည်သူများက ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ပြီး စစ်ရှောင်စခန်းတွေနဲ့ တောထဲတွေမှာ ခိုလှုံနေကြတာ တွေ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဇွန်လ (၁၄) ရက်နေ့ကလည်း ထန်တလန်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားလာတာကြောင့် ကျေးရွာ (၁၃)ရွာက ဒေသခံပြည်သူများဟာ ထပ်မံပြီး စစ်ဘေးရှောင်စခန်းတွေဆီကို ထွက်ပြေးလာတယ်လို့ သိရပါတယ်။ ထွက်ပြေးလာရတဲ့ ကျေးရွာ (၁၃)ရွာဟာ ထန်တလန် နှင့် ရိ သွားတဲ့ကားလမ်းပေါ်က ကျေးရွာတွေဖြစ်ပြီး ၎င်းကျေးရွာတွေနဲ့ နီးစပ်တဲ့ ဖလမ်းမြို့နယ်က ကျေးရွာတချို့လည်း ထွက်ပြေးကြတယ်လို့ ပျံ့နှံ့လာတဲ့ သတင်းများအရ ကြားသိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

တချို့မှာလည်း ဘေးလွတ်ရာ တောတွေထဲကို ထွက်ပြေးခဲ့နေရသလို တချို့မှာတော့ နီးစပ်ရာစစ်ရှောင်စခန်းတွေမှာ သွားရောက် ခိုလှုံနေကြတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ထန်တလန်မြို့နယ်က စစ်ဘေးရှောင်နေရသူတွေအတွက် စားနပ်ရိက္ခာတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ ကြားသိရပါတယ်။ ယခုထပ်မံ ထွက်ပြေးတိမ်းရှောင်လာတဲ့ ကျေးရွာ (၁၃)ရွာတွေဟာ အိန္ဒိယနယ်စပ်နားမှာရှိတဲ့ တချို့ကျေးရွာတွေပဲ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T