စစ်ဘေးရှောင်စခန်းမှာ မနက်စာရှမ်းခေါက်ဆွဲအသုပ်လေးစားရတဲ့အတွက် အားရ၀မ်းသာနဲ့ အားပါးတရစားနေကြတဲ့ပြည်သူများ

//s9.kh1.co/ff/ff514cf5050a129b1d3efdf169568fb605ce3fb9.jpg
နေ့စဉ်သတင်းများ

 ၁၅-ဇွန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

အခုလက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသား
နယ်မြို့လေးတွေမှာ စစ်ဘေးဒဏ်ကိုအလူးအလဲခံစားနေကြရတာဖြစ်ပါတယ်။ ပြင်းထန်လာတဲ့တိုက်ပွဲအခြေအနေတွေကြောင့် နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရပြီး တောတောင်ထဲတွေနဲ့ စစ်ဘေးရှောင်စခန်းတွေမှာခိုလှုံနေကြရတာပါ။ မိုးတွင်းကာလလည်းဖြစ်တဲ့အပြင် ရိက္ခာမလုံလောက်မှုတွေနဲ့ နေစရာအိမ်အဆင်မပြေမှုတွေကြောင့် စစ်ဘေးရှောင်တိုင်းရင်းသားတွေခမျာ နေ့စဉ်နဲ့အမျှဒုက္ခပင်လယ်ဝေနေကြရတာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

စစ်ဘေးရှောင်စခန်းတွေအတွက် ပြည်သူတွေဘက်ကနေ တတ်နိုင်သရွေ့လှူဒါန်းမှုတွေဆက်တိုက်ပြုလုပ်နေကြပေမယ့် သွားလာရေးခက်ခဲမှုတွေနဲ့ လမ်းမှာတင်ဖျက်ဆီးခံရမှုတွေကြောင့် စစ်ဘေးသင့်ပြည်သူတွေမှာ ရိက္ခာလုံလောက်အောင်မရနိုင်ဖြစ်နေကြရတာပါ။ ဒါ့ပြင်စစ်ဘေးရှောင်စခန်းတွေထိ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ အအေးမိဖျားနာမှုတွေကြောင့် သေဆုံးရတဲ့ပြည်သူတွေလည်း များလာနေတယ်လို့သိရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ပြည်မထဲကပြည်သူတွေ နွေးနွေးထွေးထွေးနဲ့ အိပ်ယာထဲမှာ နေနေကြတဲ့အချိန် စစ်ဘေးရှောင်ပြည်သူတွေကတော့ ဗုံးသံ သေနတ်သံတွေ ကင်းလွတ်ရာ တောတောင်ထဲမှာ စစ်ဘေးရှောင်ရင်း မိုးထဲလေထဲ အေးချမ်းမှုဒဏ်တွေကို ခိုက်ခိုက်တုန်အောင် ကြုံတွေ့ခံစားနေကြရတာဟာ တကယ်ကို စိတ်မကောင်းစရာပါ။ ယနေ့မှာဆိုရင်လည်း ရှမ်းပြည်ကစစ်ဘေးရှောင်စခန်းလေးတစ်ခုမှာ မနက်စာကိုရှမ်းခေါက်ဆွဲအသုပ်လေးစားရတဲ့အတွက် ကလေးသူငယ်တွေနဲ့သက်ကြီးရွယ်အိုတွေအားပါးတရ ၀မ်းသာအားရစားနေကြပုံလေးကို ဆရာတော်တစ်ပါးက သူ့ရဲ့ Facebookစာမျက်နှာမှာတင်ပေးလာပါတယ်။ ပရိသတ်တွေအတွက် ဒီပုံရိပ်လေးတွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T