တစ်မြို့လုံးနီးပါး တိတ်ဆိတ်နေပြီး မီးလောင်ပျက်စီးနေတဲ့ နေအိမ်များကြောင့် မြို့ပျက်ကြီးသဖွယ်ဖြစ်နေတဲ့ မိုးဗြဲမြို့ရဲ့ လက်ရှိအခြေအနေ

//s9.kh1.co/12/12c4571d61f396773386a15c7992065974dcd57f.jpg
နေ့စဉ်သတင်းများ

 ၁၅-ဇွန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

မေလ ပိုင်းလောက်ကနေစတင်ပြီး ကယားပြည်နယ်အတွင်းရှိ ဒီးမော့ဆိုမြို့ ၊ မိုးဗြဲမြို့၊လွိုင်ကော်၊ စံပြခြောက်မိုင်ကျေးရွာ အစရှိသည့်မြို့နယ်များအတွင်း စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် မြို့ခံပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲများပြင်းထန်လာတာဟာ တစ်လကျော်ကြာလာခဲ့ပြီပဲ ဖြစ်ပါတယ်။ ယင်းတိုက်ပွဲတွေကြောင့် နေအိမ်တွေနဲ့ ကျေးရွာတွေကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူပေါင်း ထောင်နဲ့ချီလာခဲ့တယ်လို့လည်း သိရပါတယ်။

PhotoCredit - Original Upload
PhotoCredit - Original Upload
PhotoCredit - Original Upload
PhotoCredit - Original Upload

ကယားပြည်နယ်အတွင်းမှာ နှစ်ဘက်တပ်တွေအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် သေဆုံးသူဒေသခံ (၅၀)ဦးလောက် ရှိလာခဲ့တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းတွင် PKPF ရဲ့ သတင်းထုတ်ပြန်ချက်တွေမှာ ပါရှိတာတွေ့ရပါတယ်။ ဒါ့အပြင် ကျေးရွာထဲတွေကို လက်နက်ကြီးတွေ ကျရောက်တာကြောင့် တချို့နေအိမ်များထိမှန်ပြီး မီးလောင် ပြိုကျပျက်စီးနေတာတွေလည်း တွေ့ရပါတယ်။ ယခုမှာ ပြည်သူတစ်ဦးက ကယားနှင့် ရှမ်းနယ်စပ်နားမှာရှိတဲ့ မိုးဗြဲမြို့လေးရဲ့ လက်ရှိအခြေအနေလေးကို ရိုက်ကူးထားတဲ့ ဗီဒီယိုလေးကလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့လို့လာခဲ့ပါတယ်။

PhotoCredit - Original Upload
PhotoCredit - Original Upload

ဒီဗီဒီယိုလေးထဲမှာတော့ မိုးဗြဲမြို့လေးဟာ သွေးပျက်စရာကောင်းအောင် တိတ်ဆိတ်နေပြီး ရွာလုံးကျွတ်စစ်ဘေးရှောင်ကြတာမို့ လူသူမရှိတဲ့ မြို့ပျက်ကြီးသဖွယ်ဖြစ်နေတဲ့အပြင် အိမ်တိုင်းလိုလို လက်နက်ကြီးတွေထိမှန်ကာ မီးလောင်ပြီး ပြိုကျ ပျက်စီးနေတာတွေ့ရပါတယ်။ဒါ့အပြင် တချို့အိမ်များဟာ ဖျက်စီးခံထားရတာကိုလည်း တွေ့ရပါတယ်။ ပရိသတ်တွေလည်း လက်ရှိ မိုးဗြဲမြို့လေးရဲ့ အခြေအနေကိုကြည့်ပြီး မြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်းအောင် ဝိုင်းပြီးဆုတောင်းပေးကြပါဦး။

သတင်း အရင်းအမြစ်Video Credit & Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T