ဆိုင်ရှင်တွေရှောင်ပြေးနေရချိန်လေးမှာ တစ်ဆိုင်လုံးရစရာမရှိအောင်ဖောက်ထွင်းခံလိုက်ရတဲ့ ဒီမောဆို့ရှိ ဖုန်းဆိုင်တစ်ဆိုင်မြင်ကွင်း

//s9.kh1.co/ba/ba66e0ed1fff2dfc572df9850d5f4bd13efad75a.jpg
နေ့စဉ်သတင်းများ

 ၁၅-ဇွန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတာကြောင့် ကယားပြည်နယ်၊ဒီမောဆို့ရှိ ပြည်သူတွေကနေရပ်စွန့်ခွာပြီးထွက်ပြေးတိမ်းရှောင်နေကြရတာပါ။ အခုလိုအိုးအိမ်တွေပစ်ပြီး ထွက်ပြေးနေကြရတဲ့ ဒီမောဆို့ပြည်သူတွေရဲ့နေအိမ်တွေနဲ့ ဆိုင်ခန်းတွေကလည်း မကြာခဏဆိုသလို ဖောက်ထွင်းခံရမှုတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ အရင်ကစည်းကားခဲ့တဲ့မြို့လေးတွေဟာဆိုရင် အခုအခါမှာမြို့ပျက်ကြီးသဖွယ် ခြောက်ကပ်နေခဲ့ပြီပဲဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ပြည်သူ့ကာကွယ်ရေးတပ် PDFတွေနဲ့ စစ်ကောင်စီတပ်တို့က တစ်ဖက်နဲ့တစ်ဖက်တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပေါ်နေပြီး အထိအခိုက်အကျအဆုံးများလာနေတယ်လို့သိရပါတယ်။ ဒီမောဆို့ရှိ ဘုရားကျောင်းတွေလည်းဖျက်ဆီးခံနေရပြီး အလံဖြူထောင်ထားတဲ့နေရာတွေထိလက်နက်ကြီးပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူတွေလည်းအသက်သေဆုံးမှုတွေဖြစ်ပေါ်နေတာပါ။ ဒါ့ပြင်မိုးတွင်းကာလလည်းဖြစ်တာကြောင့် တောတောင်တွေထဲမှာ စစ်ဘေးရှောင်ရင်းအအေးမိကာ သေဆုံးသွားတဲ့ကလေးငယ်အရေအတွက်လည်း များနေတယ်လို့သိရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ယနေ့ဇွန်လ (၁၅)ရက်နေ့ မနက်ပိုင်းမှာတော့ ဒီမောဆို့ရှိပြည်သူတစ်ဦးက သူ့ရဲ့ဆိုင်လေးဖောက်ထွင်းခံလိုက်ရတဲ့ပုံတွေကိုတင်ပေးလာပါတယ်။ တိုက်ပွဲတွေကြောင့် ဆိုင်ရှင်တွေရှောင်တိမ်းနေရချိန်လေးမှာ မီးခံသေတ္တာပါမကျန် အဖောက်ခံလိုက်ရတာဖြစ်ပါတယ်။ အခုလိုပြည်သူတွေရဲ့ စည်းစိမ်ဥစ္စာတွေထိဖျက်ဆီးခံနေရတဲ့ အခြေအနေတွေက တစ်နေ့တစ်ခြားဆိုးရွားလာနေတာကိုတွေ့ရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T