မီးတုတ်များကိုင်ဆောင်ကာ သပိတ်စုံသူပုန်ထဆိုတဲ့ကြွေးကြော်သံတွေနဲ့ ကြက်သီးထစရာကောင်းအောင် ဆန္ဒပြခဲ့ကြတဲ့ မန္တလေးတကသ သပိတ်စစ်ကြောင်း

//s9.kh1.co/11/111598d48faef10b42c8290d0c3ebd6d60e57d0a.jpg
နေ့စဉ်သတင်းများ

 ၁၄-ဇွန်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

ဖမ်းဆီးထိန်းသိမ်းမှုတွေ နေရာတိုင်းမှာ များပြားနေပေမယ့် ပြည်သူတွေရဲ့ စစ်အာဏာရှင် တော်လှန်ရေး သပိတ်စစ်ကြောင်းတွေကတော့ နေ့ရက်တိုင်း ထွက်ပေါ်နေကြဆဲဖြစ်ပါတယ်။ အရင်လို အင်အားများစွာနဲ့ ဆန္ဒထုတ်ဖော်ရန် မလွယ်ကူတာကြောင့် ပြောက်ကျားသပိတ်တွေဆင်နွှဲကာ အာဏာရှင်စနစ်ကိုအဆုံးထိတော်လှန်နေကြတာဖြစ်ပါတယ်။ နေ့ရက်တိုင်းလိုလို အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေထွက်နေကြတဲ့ မြို့တွေထဲမှာဆိုရင် မန္တလေးမြို့ကတော့ ချီးကျူးစရာကောင်းအောင်ကို တက်ကြွနေတာကိုတွေ့မြင်ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ပြည်သူတွေဘက်က အခုလို ဆန္ဒပြသပိတ်တွေထွက်ကြသလို ပြည်သူ့ကာကွယ်ရေးတပ် PDFတွေဖွဲ့စည်းပြီးတော့လည်း စစ်အာဏာရှင်တွေကိုတော်လှန်နေကြတာပါ။ ဒီကနေ့ဇွန်လ (၁၄)ရက်နေ့မှာဆိုရင်လည်း မန္တလေးမြို့အခြေစိုက် တကသသပိတ်စစ်ကြောင်းထွက်ခဲ့တာဖြစ်ပါတယ်။ တကသ သပိတ်စစ်ကြောင်းက 'သပိတ်စုံသူပုန်ထ' ဆိုတဲ့ကြွေးကြော်သံတွေနဲ့အတူ လူငယ်လေးတွေတက်ညီလက်ညီဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ဒီသပိတ်စစ်ကြောင်းမှာဆိုရင် Gen Zလူငယ်လေးတွေက မီးတုတ်တွေကိုင်ဆောင်ကာ လမ်းမတလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပြီး ကျောင်းသားလူငယ်များစွာပါ၀င်ပူးပေါင်းခဲ့ကြတာဖြစ်ပါတယ်။ မန္တလေးရဲ့စိတ်အားတက်ကြွမှုတွေနဲ့ စည်းလုံးမှုတွေကတော့ တကယ်ကိုအံ့အားသင့်စရာပါ။ ပရိသတ်တွေအတွက် သပိတ်စစ်ကြောင်းပုံရိပ်တွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T